စက်ရုံအလုပ်သမားဘဝမှ အမေရိကန်ရဲ့ ကိုယ်ထူကိုယ်ထ အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာသူ ဒိုင်ယန်ဟန်းဒရစ်

woman.jpg

” မင်း ဘယ်ကလာလဲဆိုတာ အရေးမကြီးဘူး၊ မင်း ဘယ်ကိုသွားမလဲဆိုတာကပဲ အရေးကြီးတာ ” တဲ့။

ဒါကတော့ အမေရိကန်မှာ ကိုယ်တိုင်ကြိုးစားပြီး အချမ်းသာဆုံးအမျိုးသမီးဖြစ်လာသူ ဒိုင်ယန်ဟန်းဒရစ်ရဲ့ လက်သုံးစကားပါပဲ။

အမေရိကန်နိုင်ငံ ဝစ်ကိုဆင်ပြည်နယ်ရှိ နို့စားနွား မွေးမြူရေးခြံမှာ ကြီးပြင်းခဲ့တဲ့ ဒိုင်ယန်ဟန်းဒရစ်ဟာ အသက် ၁၇ နှစ်အရွယ်မှာ ကလေးအမေ ဖြစ်ခဲ့ပြီး နောက် ၄ နှစ်အကြာမှာ အိမ်ထောင်ကွာရှင်းခဲ့ရသူပါ။ သူတို့ သားအမိ စားဝတ်နေရေးအတွက် စက်ရုံအလုပ်၊ ပလေးဘွိုင်းကလပ် စားပွဲထိုးအလုပ်တွေ ဝင်လုပ်ခဲ့ပါတယ်။ အသက်ငယ်ငယ်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝ ကြုံခဲ့ရပေမဲ့ သူ လက်မလျှော့ခဲ့ပါဘူး။

နောက်တော့ သူက အိမ်ခြံမြေလုပ်ငန်းကို လေ့လာရင်း အမိုးအကာပစ္စည်း အရောင်းအဝယ်သမား ကန်ဟန်းဒရစ်နဲ့ ချစ်ကြိုက်ကာ နောက်အိမ်ထောင်ပြုခဲ့တယ်။ သူတို့က အိမ်ဟောင်းတွေ ဝယ်၊ ပြန်လည်ပြုပြင်ပြီး ငှားစားတယ်။ အဲဒီကတစ်ဆင့် အမိုးအကာပစ္စည်း ထုတ်လုပ်ရောင်းချရေးကုမ္ပဏီ ABC Supply ပေါ်ပေါက်လာခဲ့တာပါ။

၂၀၀၇ ခုနှစ်မှာတော့ ဆောက်လက်စ အမိုးပြိုကျလို့ ခင်ပွန်းဖြစ်သူ ကင်ဟန်းဒရစ် ကွယ်လွန်သွားပြီး ဒိုင်ယန်ဟန်းဒရစ်က ကုမ္ပဏီကို အလုံးစုံ ဦးဆောင်ခဲ့ရတယ်။ တစ်ဖက်မှာလည်း သားသမီး ၇ ယောက်ကို ပြုစုပျိုးထောင်ရင်းနဲ့ပေါ့။ ဒိုင်ယန်ဟန်းဒရစ်ရဲ့ ဦးဆောင်မှုအောက်မှာ ABC Supply ကုမ္ပဏီက အမေရိကန်မှာ အကြီးဆုံး အိမ်ဆောက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ဖြစ်လာခဲ့ပြီး သူ့ရဲ့ပိုင်ဆိုင်မှုကလည်း အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော် ရှိပါတယ်။

Ref: Diane Hendricks

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top