ကြက်ဖကြီးတစ်ကောင် စံချိန်တင်ဈေးနှုန်းနဲ့ လေလံအောင်ခဲ့တဲ့ အကြောင်းရင်း

ham.jpg

အလာဘားမားပြည်နယ်၊ ရန်ဘန်းမြို့မှ မွေးမြူရေးလေလံပွဲတစ်ခုမှာ လူတစ်ယောက်က ကြက်ဖတစ်ကောင် ပိုက်ပြီး ရောက်လာတယ်။ ဒီကြက်ဖကြီးကို သူ လေလံတင်ချင်လို့ပါတဲ့။ ဘာကြောင့်လဲဆိုတော့ နှလုံးရောဂါကြောင့် ဆေးရုံတက်နေရတဲ့ လူမမယ်ကလေးငယ်အတွက် ဆေးကုသစရိတ် မတတ်နိုင်ရှာတဲ့ မိသားစုကို လှူဒါန်းချင်တဲ့အတွက်လို့ သူက ပြောတယ်။

ချက်ချင်းဆိုသလိုပဲ လူတစ်ယောက်က ဒီကြက်ဖကြီးကို လေလံဆွဲလိုက်တယ်။ နောက်တော့ ပြန်ပြီး လေလံတင်တယ်။ နောက်တစ်ဦးက လေလံဆွဲတယ်။ အဲဒီလို လေလံဆွဲလိုက်၊ လေလံပြန်တင်လိုက် ၁၀ ကြိမ်တိုင်တိုင် လုပ်ပြီးနောက်မှာတော့ (ပုံမှန်အားဖြင့် ဒေါ်လာ ၇၀ လောက်ပဲတန်တဲ့) ကြက်ဖကြီးဟာ ဒေါ်လာ ၅၃၀၀ ကျော် ရရှိခဲ့ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို လိုအပ်နေတဲ့ မိသားစုအတွက် လှူဒါန်းပေးနိုင်ခဲ့ပါတယ်။

ဒီကြက်ဖကြီးဟာ ရန်ဘန်းမြို့ မွေးမြူရေးလေလံပွဲသမိုင်းတလျှောက် တန်ကြေးအမြင့်ဆုံး လေလံအောင်မြင်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ရိုးရှင်းပေမဲ့ မေတ္တာတရားကြောင့် လှပနေတဲ့ ဒီဖြစ်ရပ်ဟာ စည်းလုံးညီညွတ်မှုရဲ့ အင်အားကို ပြသနိုင်ခဲ့ပြီး လူ့အဖွဲ့အစည်းမှာ လူသားချင်းစာနာထောက်ထားမှု ကျန်ရှိနေသေးတယ်ဆိုတဲ့ သက်သေပြချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

Ref: This Rooster Became The Most Expensive Ever At This Auction — And The Reason Why Is Beautiful

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top