မြောက်ကိုရီးယားနဲ့ ပြုလုပ်မယ့် ထိပ်သီး အစည်းဝေး နှောင့်နှေးဖွယ် ရှိကြောင်း အမေရိကန်သမ္မတပြော

trump-moon-summit-e1551437930398.jpg

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နဲ့ လာမယ့်လမှာပြုလုပ်မယ့် သမိုင်းဝင်ထိပ်သီး အစည်းဝေးဟာ နှောင့်နေးဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် နဲ့ အိမ်ဖြူတော်မှာ တွေဆုံချိန်အတွင်း အခုလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်န်ိုင်ငံအနေနဲ့ နျူကလီးယားလက်နက် စွန့်လွတ်ရေးကိုသာ ပြောဆိုနေမယ်ဆိုရင် ထိပ်သီးအစည်းဝေးကို ဖျက်သိမ်းရဖွယ်ရှိနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဆိုထားပါတယ်။ အမေရိကန်သမ္မတဟာ ထိပ်သီးအစည်အဝေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စီစဉ်မှုအခြေနေကို ပြောဆိုခဲ့တာ မရှိပေမယ့် မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်ကို ဖျက်သိမ်းရမယ်ဆိုတဲ့အချက်ကိုတော့ ပြောဆိုခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၂ ရက်နေ့မှာ စင်္ကာပူနိုင်ငံအတွင်း ကျင်းပဖို့ စီစဉ်ထားပြီး အဲဒီ ထိပ်သီးအစည်းဝေးဟာ ဧပြီလက ကိုရီးယားနှစ်နိုင်ငံကြား သမိုင်းဝင်ထိပ်သီးအစည်းဝေးဖြစ်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က” ဘာတွေ ဖြစ်လာမလဲဆိုတာကို တွေမြင်ရမှာပါ၊ ကျွန်တော်တို့လိုချင်တဲ့ တိကျတဲ့အခြေနေမျိုး မရှိဘူးဆိုရင် ဒီအစည်းအဝေးက ဖြစ်လာနိုင်မှာမဟုတ်ဘူး “ လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ အခုလအစောပိုင်းမှာ တရုတ်နိုင်ငံဆီ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ပြီးတဲ့နောက် အပြောင်းလဲတွေ ဖြစ်လာခဲ့တယ်လို့ အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။ အမေရိကန်န်ိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုကတော့ အမေရိကန်နိုင်ငံဟာ ဇွန်လ ၁၂ ရက်မှာ ကျင်းပမယ့် အစည်းဝေးအတွက် အစီအစဉ်တွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: Trump says summit with North Korea’s Kim Jong-un may be delayed

KAUNG HTET NGWE ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top