ဂျပန်လူ့အဖွဲ့အစည်းရဲ့ အပြန်အလှန် ယုံကြည်မှု

japp.jpg

၂၀၂၅ ခုနှစ် ဧပြီလက ဂျပန်နိုင်ငံမှာ အီလက်ထရွန်နစ် လမ်းအသုံးပြုခ ကောက်ခံစနစ်(ETC) ချို့ယွင်းမှု ၃၈ နာရီကြာ ဖြစ်ပွားခဲ့တယ်။ စနစ်ချို့ယွင်းနေချိန်အတွင်း လူကိုယ်တိုင် ငွေကောက်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မှာစိုးလို့ Central Nippon Expressway ကုမ္ပဏီက ဂိတ်ဖွင့် ဖြတ်သန်းခွင့်ပေးခဲ့ပြီး (နောက်မှသာ အွန်လိုင်းကနေ လမ်းအသုံးပြုခ ပေးချင် ပေးလို့ရတယ်၊ မပေးရင်လည်း တစုံတရာ အရေးယူမှာ မဟုတ်ဘူးလို့) ကြေညာခဲ့တယ်။

အဲဒီအချိန်အတောအတွင်း ကားအစီးရေ ၉၂၀၀၀၀ ဝန်းကျင် ဖြတ်သန်းခဲ့တယ်လို့ ခန့်မှန်းထားပြီး လမ်းအသုံးပြုခ ပေးဆောင်သူ ၂၄၀၀၀ ကျော် ရှိခဲ့ပါတယ်။ မပေးရင်လည်း ရတဲ့အခြေအနေမျိုးမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ပေးဆောင်ခဲ့သူ သောင်းချီ ရှိပြီး ဒီဖြစ်ရပ်က ဂျပန်လူ့အဖွဲ့အစည်းရဲ့ အပြန်အလှန်ယုံကြည်မှုကို မီးမောင်းထိုးပြနေတာပါ။

ကုမ္ပဏီဘက်က ငွေကြေး ဆုံးရှုံးရမှုထက် လမ်းအသုံးပြုသူတွေ အဆင်ပြေစေဖို့ ဦးစားပေးခဲ့သလို ယာဉ်မောင်းတွေကလည်း အခွင့်အရေးမယူဘဲ လမ်းကြေး ပေးဆောင်ခဲ့ကြတာဟာ ဂျပန်လူ့အဖွဲ့အစည်းရဲ့ လူမှုစံနှုန်း မြင့်မားမှုကို ပြသရာ ရောက်ပါတယ်။

ဂျပန်နိုင်ငံဟာ ပစ္စည်းပျောက်ရင် ပြန်ရနိုင်ခြေ အများဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး စည်းကမ်း လိုက်နာမှုပိုင်းမှာလည်း စံနမူနာထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။

Ref: Japan’s Toll System Crashes For 38 Hours, 24,000 Still Voluntarily Pay The Fees

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top