ကမ္ဘာလုံးဆိုင်ရာ အင်တာနက်စနစ်နဲ့ ဖြတ်တောက်ဖို့ လို၊ မလို ရုရှား စဉ်းစား

hot7.jpg

ရုရှားနိုင်ငံဟာ ဆိုက်ဘာကာကွယ်ရေးစမ်းသပ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လိုင်းတွေနဲ့ အဆက်အသွယ် ယာယီဖြတ်တောက်ဖို့ လို၊ မလိုဆိုတဲ့အချက်ကို စဉ်းစားနေပါတယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်ထားတဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံရချိန်မှာ ရုရှားပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကြား ဒေတာဝေမျှနိုင်ဖို့ ရည်ရွယ်ပြီး အခုလို စမ်းသပ်တာပါ။

စမ်းသပ်မှုလုပ်မယ့်ရက်ကို အတိအကျ သတ်မှတ်ရခြင်းမရှိသေးပေမဲ့ ဧပြီလ ၁ ရက်နေ့မတိုင်ခင် စမ်းသပ်မှုလုပ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ Digitial Economy National Program လို့ အမည်ပေးထားတဲ့ ဥပဒေကြမ်းအရ ပြည်ပအင်အားကြီးနိုင်ငံတွေက ရုရှားနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာအင်တာနက်လိုင်းကနေ ဖြတ်တောက်လိုက်ရင် ရုရှားနိုင်ငံရဲ့ ကိုယ်ပိုင်အင်တာနက်လိုင်း(DNS)အလုပ်ဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ အွန်လိုင်းပေါ်ကနေ ကြားဝင်စွက်ဖက်မှုတွေ လုပ်ခဲ့တယ်လို့ နေတိုးအဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေက စွပ်စွဲခဲ့ကြပြီး ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top