E-sports ပြိုင်ပွဲတစ်ခုအတွင်း အစီအစဉ်တင်ဆက်သူတွေထဲကတစ်ဦးဖြစ်တဲ့ ကျာကျာ (Zha Zha) ဟာ သူ့ရဲ့အဝတ်အစားရွေးချယ်မှုနဲပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေဆီကနေ မကောင်းတဲ့မှတ်ချက်တချို့ ရရှိခဲ့ပါတယ်။
တရုတ်က လူမှုကွန်ယက်အသုံးပြုသူတွေဟာ ခန္ဓာကိုယ်အသားပေးဝတ်ဆင်တယ်ဆိုပြီး ပြောဆိုကြသလို အခုလိုဝတ်ဖို့ ပွဲအစီအစဉ်သူတွေက ခိုင်းစေခဲ့တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒီပြောဆိုချက်တွေကို ငြင်းဆိုဖို့အတွက် ကျာကျာက အခုလိုလုပ်ဆောင်ခဲ့ပါတယ်။

သူက တစ်ကိုယ်အနက်ရောင်ဆေးခြယ်သပြီး အစီအစဉ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပုံစံက ပြိုင်ပွဲမှာ ပါဝင်တဲ့ ဂိမ်းထဲက ဇာတ်ကောင်ကို မှီးငြမ်းဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပွဲစီစဉ်သူတွေက သူ့ရဲ့အဝတ်အစားကို ညွှန်ကြားနေတယ်လို့ လူတွေ ထင်ကြေးပေးတာကနေ ရပ်တန့်ဖို့ အနည်းငယ်ပဲ အထောက်အကူပြုခဲ့ပါတယ်။ မကောင်းတဲ့မှတ်ချက်တွေကတော့ ရှိနေပေမဲ့ ပြင်ဆင်လာခဲ့တဲ့ ဇာတ်ကောင်ကို ကြိုက်နှစ်သက်တဲ့သူတွေလည်း ရှိပါတယ်။
Ref: Chinese E-sports host criticised for ‘revealing’ dress, responds by painting herself completely black
WL (ရိုးရာလေး)

