ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ပြင်သစ်သီလရှင် ကွယ်လွန်

17-1-2023-yyl-143.jpg

ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ပြင်သစ်သီလရှင် အန်ဒရီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အသက် ၁၁၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ လူဆေးရန်ဒန်ဟာ ကက်သလစ် သီလရှင်ဘဝကို မခံယူခင် ဒုတိယကမ္ဘာစစ်အတွင်း ကလေးငယ်တွေကို ကူညီစောင့်ရှောက်ပေးခဲ့ပြီး ဆေးရုံမှာ မိဘမဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်သူအဖြစ် ၂၈ နှစ်ကြာ ဆောင်ရွက်ခဲ့သူပါ။

အန်ဒရီဟာ သူ့ဘဝတစ်လျှောက်မှာ ပြင်သစ်သမ္မတ ၁၈ ဆက် ပြောင်းလဲမှု ကြုံခဲ့ပြီး ၂၀၂၂ ခုနှစ်က အသက် ၁၁၈ နှစ်ပြည့်မွေးနေ့မှာ လက်ရှိပြင်သစ်သမ္မတ မက်ခရွန်ထံကနေ လက်ရေးနဲ့ရေးထားတဲ့ မွေးနေ့ဆုတောင်း ရရှိခဲ့ပါတယ်။

Ref: The world’s oldest person, a French nun, dies at 118

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top