2PM အဖွဲ့ဝင် ထယ်ဂျွန်ရဲ့သီးသန့်မင်္ဂလာပွဲက ဓာတ်ပုံတွေ ပေါက်ကြားမှုရှိနေ

2pm.jpg

2PM အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆောင်လည်းဖြစ်တဲ့ ထယ်ဂျွန်ရဲ့သီးသန့်မင်္ဂလာပွဲဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ယက်ပေါ်မှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။ မင်္ဂလာပွဲကျင်းပတဲ့ နေရာထဲ ကျူးကျော်ဝင်လာတဲ့ ပရိသတ်တစ်ဦးရဲ့ဓာတ်ပုံရိုက်ကူးမှုဖြစ်ပုံရတဲ့အတွက် လူအများထပ်မံအာရုံစိုက်လာကြပါတယ်။

ဆိုးလ်မြို့၊ Jangchung-dong ရှိ Shilla Hotel မှာ ဧပြီ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ထယ်ဂျွန်ရဲ့သီးသန့်မင်္ဂလာပွဲက ဓာတ်ပုံတွေဟာ တရုတ်ပလက်ဖောင်းတွေမှာ အဓိကပျံ့နှံ့သွားခဲ့တာပါ။ ဓာတ်ပုံတွေကို မင်္ဂလာအခမ်းအနားကို မြင်တွေ့ရတဲ့ အခန်းရဲ့ပြတင်းပေါက်ကတဆင့် ဟိုတယ်ဧည့်သည်တစ်ဦးက ရိုက်ကူးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အဲ့ဒီဓာတ်ပုံတွေက ကိုရီယားလူမှုကွန်ယက်အသိုင်းအဝိုင်းမှာလည်း အလွယ်တကူရောက်သွားခဲ့ပါတယ်။

ဒီလိုဓာတ်ပုံပေါက်ကြားမှုက အရင်ကလည်းဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်က ဒီမင်္ဂလာခန်းမမှာပဲ ဆောင်ခဲ့ကြတဲ့ မင်းသားဆောင်ဂျွန်ကီနဲ့ မင်းသမီးဆောင်ဟေကိုတို့စုံတွဲအပြင် မတ်လ ၂၂ ရက်နေ့က Walkerhill Hotel မှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ မင်းသားဟွန်ဘင်းနဲ့ မင်းသမီးဆွန်ရီဂျင်းတို့လည်း ခွင့်ပြုချက်မရဘဲ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပေါက်ကြားခဲ့ပါတယ်။

Ref: Leaked images from Taecyeon’s private wedding spark privacy concerns

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top