အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ မင်းသားဝီလျံနဲ့ ကြင်ယာတော်ကိတ်တို့ရဲ့သမီးတော် ရှားလော့တ်

princess.jpg

မင်းသားဝီလျံနဲ့ ကြင်ယာတော်ကိတ်တို့ရဲ့ သမီးလတ်လည်းဖြစ်တဲ့ တစ်ဦးတည်းသောသမီးလည်းဖြစ်တဲ့ သမီးတော် ရှားလော့တ်ဟာ မေလ ၂ ရက်နေ့က အသက် ၁၁ နှစ်ပြည့်သွားခဲ့ပါပြီ။

Prince and Princess of Wales ရဲ့တရားဝင်အင်စတာဂရမ်အကောင့်မှာ သမီးတော်ရှားလော့တ်အတွက် မွေးနေ့ဆုတောင်းပို့စ်တင်ထားပါတယ်။ ပန်းခင်းထဲမှာ မတ်တပ်ရပ်နေတဲ့ ရှားလော့တ်ရဲ့ဓာတ်ပုံနဲ့အတူ ရှားလော့တ်လေး ပျော်ရွှင်ဖွယ် ၁၁ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေလို့ ရေးသားထားပါတယ်။ နောက်ထပ်ပို့စ်ကတော့ ကမ်းခြေမှာ ရှားလော့တ်လေး သူ့မိသားစုဝင်၊ ခွေးလေးတွေနဲ့အချိန်ကုန်နေတဲ့ ဗီဒီယိုလေးဖြစ်ပြီး ဒီကနေ့ မင်းသမီးလေးရှားလော့တ်အတွက် မွေးနေ့ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ရေးသားထားပါတယ်။

မင်းသမီးလေးရှားလော့တ်ကို ၂၀၁၅ ခုနှစ် မေလ ၂ ရက်နေ့က လန်ဒန်ရှိ St. Mary’s Hospital မှာ မွေးဖွားခဲ့တာပါ။ မင်းသားဝီလျံနဲ့ ကိတ်တို့ရဲ့ဒုတိယကလေးဖြစ်တဲ့အတွက် ထီးနန်းဆက်ခံဖို့အတွက် သူ့အဖေနဲ့ အစ်ကိုပြီးရင် တတိယနေရာမှာရှိနေပါတယ်။ ရှားလော့တ်က Lambrook School မှာ ကျောင်းတတ်နေပါတယ်။

Ref: Prince William, Kate Middleton’s daughter Princess Charlotte turns 11

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top