မင်းသားကြီးဒွန်နီယန်းထက် အသက် ၆ နှစ်ပဲ ကြီးတဲ့ ယောက္ခမဖြစ်သူ

29.8.23-yyl-6.jpg

နာမည်ကျော်ဟောင်ကောင်မင်းသားကြီး ဒွန်နီယန်းရဲ့ဇနီးဖြစ်သူ ချောမောနေရတာက သူ့အမေဖြစ်သူ ဂျန်နီဖာ ဝမ်ကြောင့်ပါပဲ။ ဒွန်နီယန်းရဲ့ယောက္ခမဖြစ်သူ ဂျန်နီဖာဝမ်က သူ့ထက် ၆ နှစ်ပဲကြီးပြီး နုပျိုချောမောတဲ့သူတစ်ယောက်ပါ။

မကြာသေးခင်ကမှ ဂျန်နီဖာ ဝမ်ဟာ အင်စတာဂရမ်အသုံးပြုသူတွေကို သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံတွေနဲ့ အံ့အားသင့်စေခဲ့ပါတယ်။ အနက်နဲ့အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ သူ့ရဲ့ဓာတ်ပုံအပါအဝင် အခြားဓာတ်ပုံတွေအတူ “ဟိုင်း….IG သူငယ်ချင်းတို့ရေ….ဓာတ်ပုံမတင်ရတာကြာပြီနော်”ဆိုတဲ့စာသားရေးသားထားပါတယ်။ သမီးဖြစ်သူဆစ်စီဝမ်ကလည်း အဲ့ဒီပို့စ်မှာ “My gorgeous mama” လို့ ကွန်မန့်ပေးခဲ့ပါသေးတယ်။

ဂျန်နီဖာရဲ့ငယ်ရွယ်နုပျိုတဲ့အလှတရားနဲ့ပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေက “ယောက္ခမက အရမ်းဟော့တာပဲ”၊ “ဆစ်စီဝမ်နဲ့ ညီအစ်မတွေလိုပဲ”လို့ ဆိုကြပါတယ်။

ဂျန်နီဖာက အသက် ၆၆ နှစ်ဖြစ်ပြီး သူ့သားမက်ဖြစ်သူ ဒွန်နီယန်းက အသက် ၆၀ ပါ။ သမီးဖြစ်သူကတော့ အသက် ၄၂ နှစ်ပါ။ ဂျန်နီဖာက ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ လုပ်ခဲ့တဲ့ ကျောက်မျက်ရတနာလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေပါတယ်။ ခင်ပွန်းဖြစ်သူက ၂ နှစ်တာ ကင်ဆာရောဂါခံစားခဲ့ရပြီးနောက် ၂၀၂၀ ခုနှစ်မှာ သေဆုံးသွားခဲ့တာပါ။

Ref: Donnie Yen’s “Hot & Youthful” Mother-In-Law Is 66, Just 6 Years Older Than The Action Star

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top