ကမ္ဘာကျော်အဆိုတော် ရှာကီရာဟာ ဘောလုံးလောကရဲ့အကြီးမားဆုံးစင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ 2026 FIFA World Cup အတွက် သူ့ရဲ့သီချင်းအသစ် Dai Dai ကို မိတ်ဆက်ခဲ့ပါတယ်။
ဒီသီချင်းအသစ်ကို Maracanã Stadium မှာ ရိုက်ကူးခဲ့ပြီး သီချင်းနမူနာထွက်ရှိထားပါတယ်။ အဆိုတော် Burna Boy လည်း ပါဝင်အားဖြည့်ထားတဲ့ သီချင်းတစ်ပုဒ်လုံးကို မေလ ၁၄ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထားပါတယ်။
ရှာကီရရဲ့ ၂၀၁၀ ခုနှစ်ရဲ့ Waka Waka သီချင်းကလည်း နာမည်ကြီးဆုံး World Cup သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ နောက်တော့ Brazil 2014 မှာ “La La La” သီချင်းကို သီဆိုခဲ့ပြီး ၂၀၀၆ ခုနှစ် World Cup အပိတ်ပွဲအတွင်း “Hips Don’t Lie” သီချင်းကိုလည်းသီဆိုဖျော်ဖြေခဲ့ပါတယ်။
Ref: Shakira returns to the FIFA World Cup 2026 with new anthem ‘Dai Dai’
NZ (ရိုးရာလေး)

