နှစ်ရက်ဆက်တိုက် အိန္ဒိယသမုဒ္ဒရာရေမျက်နှာပြင်အောက်မှာ စံချိန်ချိုးခဲ့တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်း ၂ ခု

india.jpg

အိန္ဒိယနိုင်ငံက အန်ဒမန်နဲ့ နီကိုဘာကျွန်းစုမှာထူးခြားတဲ့အရာတစ်ခုဖော်ဆောင်နိုင်ခဲ့ပါတယ်။ နှစ်ရက်ဆက်တိုက် အိန္ဒိယသမုဒ္ဒရာရေမျက်နှာပြင်အောက်မှာ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ် ၂ ခု ချိုးခဲ့တာပါ။ အခုလိုဆက်တိုက်အောင်မြင်မှုတွေက ရေငုပ်တာနဲ့ ရေကြောင်းခရီးသွားလုပ်ငန်းအတွက် နိုင်ငံတကာခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်ဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ရည်ရွယ်ချက်ရှိရှိတွန်းအားပေးမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

မေလ ၃ ရက်နေ့က ရေငုပ်သမား ၁၄ ဦးဟာ Havelock ကျွန်းဟုလူသိများသော Swaraj Dweep ကမ်းရိုးတန်းရှိရေအောက်ကို ဆင်းသက်ခဲ့ပြီး အရှည် ၂၂.၃ မီတာရှိတဲ့ လူသားအစုအဝေးပြုလုပ်ခဲ့ပါတယ်။ ဂင်းနက်စ်စံချိန်ပြည့်မီဖို့အတွက် ၃ မိနစ်ကြာ လူသားအစုအဝေးပုံစံနဲ့ ရေအောက်မှာ ရှိနေခဲ့ရပါတယ်။

ဒါကတော့ အဲ့ဒီရေအောက်မှာပဲ အိန္ဒိယအလံကို ဖြန့်ကျက်ခဲ့တဲ့ စံချိန်ကို ချိုးပြီးနောက် ၂၄ နာရီအတွင်း ထပ်ပြီးစံချိန်ချိုးခဲ့တာပါ။ မေလ ၂ ရက်နေ့က ရေငုပ်သမားတွေက မီတာ ၆၀-၄၀ ရှိတဲ့ အိန္ဒိယအလံကို ဖြန့်ကျက်ခဲ့တာပါ။ ကျွန်းတွေရဲ့ ရေကြောင်းဂေဟစနစ်ကို အာရုံစိုက်စေဖို့နဲ့ ရေငုပ်အသိုင်းအဝိုင်းဟာ အမှန်တကယ်လုပ်ဆောင်နိုင်တဲ့အရာကို ပြသဖို့ ပိုမိုကျယ်ပြန့်တဲ့အစိုးရရဲ့ အစီအစဉ်တစ်ခုအနေဖြင့် နှစ်ခုစလုံးကို ကြိုတင်စီစဉ်ထားတာဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အောင်မြင်မှုနှစ်ခုစလုံးဟာ လာမယ့်ရက်သတ္တပတ်တွေအတွင်း ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို သိသိသာသာဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: India Just Broke Two Guinness World Records Underwater And Most People Haven’t Even Heard About It

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top