စတိုင်ကျကျ စီးကရက်ဖွာနေတဲ့ တိရိစ္ဆာန်ဥယျာဉ်က ချင်ပန်ဇီ မျောက်ဝံ

chimp_0.jpg

ချင်ပန်ဇီမျောက်တစ်ကောင် စီးကရက်ကို ဟန်ပါပါခဲထား တဲ့ပုံကို မြင်ယောင်ကြည့်လိုက်ပါ။ ကြည့်ကောင်းမယ်လို့တော့ မထင်ပါဘူး။
တိရိစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူ မာရီဆင် ဂူချီယာနို ရိုက်ကူးပြီး Facebook ပေါ်ကို တင်လိုက်တဲ့တဲ့ ဗီဒီယိုကလစ်ပ်လေးထဲမှာ ချင်ပန်ဇီတစ်ကောင်က သူနေတဲ့တဲ့ ခြံဝန်းထဲက ကျောက်တုံးတစ်တုံးပေါ်မှာ ကျကျနနကိုထိုင်ပြီး စီးကရက်ဖွာနေတာကို တွေ့ရတာဖြစ်ပါတယ်။

ဂူချီယာနိုက “အင်ဒိုနီးရှားက တိရိစ္ဆာန်ရုံတွေဟာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှု စံစနစ်တွေကို သိဖို့တော့လိုနေပြီ” လို့ သူရဲ့ Facebook status မှာ ရေးထားပါသေးတယ်။ တိရိစ္ဆာန်ရုံကို လာလည်တဲ့လူတစ်ယောက်က သောက်လက်စ စီးကရက်တိုကို မျောက်ဝံနေတဲ့ ခြံထဲကို ပစ်လိုက်တာဖြစ်ပြီး မျောက်ဝံက တွေ့တဲ့အခါ ကောက်ပြီး ဖွာနေတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး ဝိုင်းရယ်နေကြတဲ့ လူအုပ်ကြီးကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပြီး ဂူချီယာနိုက စီးကရက်တိုကို မဆင်မခြင်ပစ်ခဲ့တဲ့လူကို အပြစ်တင်လိုက်ကာ တိရိစ္ဆာန်ရုံရဲ့ စီမံခန့်ခွဲမှုအပေါ်လည်း ဝေဖန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ဒေသခံရဲတပ်ဖွဲ့ကို အကြောင်းကြားမှုတော့ ရှိခဲ့တယ်လို့သိရပါတယ်။ တိရိစ္ဆာန်ဥယျာဉ်ရဲ့ ပြောခွင့်ရသူ ဆူလ်ဟန် စယာဖီက ဒီအဖြစ်အပျက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘန်ဒေါင်း တိရိစ္ဆာန်ဥယျာဉ် အတွက် ပထမဆုံးတော့မဟုတ်ပါဘူ ဆူမားတြားဆင်မျိုး မျိုးတုံးမယ့်အန္တရာယ် ကြုံရမှု သစ်ကုလားအုတ်တစ်ကောင်ရဲ့ အစာအိမ်ထဲမှာ ပလပ်စတစ်ပေါင် ၄၀ လောက် တွေ့ခဲ့မှုတွေအပါအဝင် တိရိစ္ဆာန်တွေ သေဆုံးမှုတွေလည်း ဖြစ်ခဲ့လို့ နာမည်ဆိုးထွက်လာတာကြောင့် အခုဆိုရင် တိရိစ္ဆာန်ဥယျာဉ်ကို ပိတ်ပစ်ရဖို့ ဖြစ်နေပါပြီ။

အဲဒီကို လာရောက်လည်ပတ်သူတွေကလည်း Trip Advisor စာမျက်နှာမှာ တိရိစ္ဆာန်တွေ နာမကျန်းဖြစ်နေတာ၊ အစာငတ်နေတာတွေကို ဖော်ပြ ရေးသားထားကြပါတယ်။ အခုဆိုရင် ဘန်ဒေါင်း တိရိစ္ဆာန်ဥယျာဉ်ကို ပိတ်ပေးဖို့တောင်းဆိုတဲ့ Change.org ရဲ့ကမ်ပိန်းမှာ ပူးပေါင်းပါဝင်သူ တစ်သန်းကျော် ရှိနေပါပြီ။တိရိစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတွေကတော့ စွပ်စွဲပြစ်တင်မှု မှန်သမျှကို ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

ဗီဒီယို အပြည့်အစုံကို အောက်မှာပေးထားတဲ့ လင့်ခ်ကနေ သွားရောက်ကြည့်ရှုလို့ရပါတယ်။ https://youtu.be/w9i5tX-51RE

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top