သူ့ရဲ့ပုံရိပ်ကို တီဗီရောင်းချဖို့အတွက် အသုံးပြုခဲ့လို့ Samsung ကို တရားစွဲဆိုခဲ့တဲ့ အဆိုတော် ဒူအာ လီပါ

dula.jpg

ဗြိတိန်ပေါ့ပ်စတား ဒူအာ လီပါဟာ Samsung Electronics ကို သူတို့ရဲ့တီဗီဈေးကွက်တင်ဖွင့်အတွက် သူ့ရဲ့ပုံရိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အနည်းဆုံးကန်ဒေါ်လာ ၁၅ သန်း လျှော်ကြေးနဲ့ တရားစွဲဆိုထားပါတယ်။

Samsung က လက်လီရောင်းချဖို့အတွက် တီဗီတွေထည့်ထားတဲ့ ကတ်ထူပုံးတွေရဲ့ရှေ့မျက်နှာစာမှာ ဒူအာ လီပါရဲ့မူပိုင်ခွင့်ရရုပ်ပုံကို ထည့်ထားခဲ့တယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။ တီဗီပုံးတွေမှာ အသုံးပြုခဲ့တဲ့ ရုပ်ပုံကို “Dua Lipa — Backstage at Austin City Limits, 2024, “လို့ အမည်ရပြီး ဒူအာ လီပါက ပုံရဲ့မူပိုင်ခွင့်၊ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားအားလုံးရဲ့ပိုင်ရှင်ဖြစ်တယ်လို့ ဆိုထားပါတယ်။ တရားစွဲဆိုမှုကို ကယ်လီဖိုးနီးယား ဖက်ဒရယ်တရားရုံးမှာ မေလ ၈ ရက်နေ့က တင်သွင်းခဲ့တာပါ။

Samsung Electronics ကို မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုအပြင် လူသိရှင်ကြားအခွင့်အရေးတွေချိုးဖောက်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဒူအာ လီပါရဲ့ရှေ့နေတွေက အလာလားရှိတဲ့ ဖောက်သည်တွေကို ထုတ်ကုန်ဝယ်ယူဖို့ တိုက်တွန်းထားတဲ့ ထုတ်ကုန်ပုံးတွေရဲ့ရှေ့မျက်နှာစာမှာ ပေါ့စ်စတားရဲ့ရုပ်ပုံဖိုင်နဲ့တကွလူမှုကွန်ယက်ပို့စ်တွေနဲ့မှတ်ချက်တွေကိုလည်း ပူးတွဲတင်ပြထားပါတယ်။

ဒူအာ လီပါက ပြီးခဲ့သည့်နှစ် ဇွန်လမှာ Samsung ရဲ့ချိုးဖောက်မှုကို သိရှိခဲ့ပြီး Samsung ကို သူ့ရဲ့ ရုပ်ပုံအသုံးပြုတာကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမဲ့ အီလက်ထရွန်းနစ်ထုတ်လုပ်သူက အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြောင်း သူ့ရဲ့ ရှေ့နေတွေကတဆင့် သိရပါတယ်။

Ref: Dua Lipa sues Samsung for $19m for allegedly using her image to sell TVs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top