ထူးထူးဆန်းဆန်းအိမ်မွေးတိရစ္ဆာန် (၈၁) ကောင်နဲ့ နေထိုင်တဲ့ မိသားစု

15-6-2020-yyl-022.jpg

မိသားစုဝင် (၈) ယောက်ရှိတဲ့ မိသားစုတစ်စုဟာ တိရစ္ဆာန်ချစ်တတ်သူတွေ ဖြစ်တာကြောင့် စပါးအုံး၊ တာရန်တူလာပင့်ကူ၊ အာဖရိကမြွေပါ အပါအဝင် ထူးထူးဆန်းဆန်းတိရစ္ဆာန် (၈၁) ကောင်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားပြီး သူတို့နဲ့ အတူနေထိုင်ကြတယ်လို့ သိရပါတယ်။ အသက် (၃၅) နှစ်အရွယ်ဖခင် စကော့တ် ဂါဗင်က သူ့တိရစ္ဆာန်တွေအတွက် အိမ်အပြင်ဘက်မှာ ခြံ (၅) ခု ဆောက်ပေးထားပြီး အသက် (၁၂) အရွယ် သား ရောဘတ်က စပါးကြီးမြွေ (၃) ကောင်နဲ့အတူတူ အခန်းမျှသုံးပါတယ်။ စကော့တ်က မြေကွက်လပ်မှာ ကလေးတွေ အန္တရာယ်ကင်းကင်းနဲ့ ကစားတဲ့အတွက် (၁၂) ပေရှည်တဲ့ မြွေတွေကို လွှတ်ထားရတာ လုံးဝဘေးကင်းတယ်လို့ ဆိုပါတယ်။

စကော့တ်က တိရစ္ဆာန်ချစ်တက်တဲ့ သူ့အချစ်တွေကို ကလေးတွေဆီ လက်ဆင့်ကမ်း ပေးထားတာဖြစ်ပါတယ်။ ဇီးကွက်၊ အာဖရိကမြွေပါ၊ စပါးကြီးမြွေ၊ ဖြူကောင်၊ ပိုးဟပ်နဲ့အခြား တိရစ္ဆာန်တွေက သက်ကြီးရွယ်အိုတွေဆီသွားလည်ပြီး ရောဂါကုထုံးလုပ်ဖို့အတွက် မှတ်ပုံတင်ထားပြီးသားဖြစ်ပါတယ်။ စကော့တ်ရဲ့ ကလေးအငယ်ဆုံးက ဒေါင်းဆင်ဒရုန်း ရောဂါရှိသူဖြစ်ပြီး မြွေတွေကို ချစ်ပေမယ့် သူ ကိုင်ဖို့အတွက် အရမ်းလေးပါတယ်။ နေသာတဲ့နေ့ဆိုရင် မြွေတွေကို ပန်းခြံထဲလွှတ်ထားပြီး ကလေးတွေကစားနေရင်း နေပူဆာလှုံခိုင်းထားပါတယ်။

စကော့တ်က သူ မွေးထားတဲ့တိရစ္ဆာန်တွေထဲက တစ်ကောင်ကောင်က ထဖောက်နိုင်တာကြောင့် သူတို့ကို မကြည့်ဘဲ ဒီအတိုင်းလွှတ်မထားဘူးလို့ သိရပါတယ်။ သူတို့မှာ ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တွေအပြင် ယုန်၊ ပုတ်သင်ညိုအပါအဝင် ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်တွေ လည်းရှိပါတယ်။ စကော့တ်ရဲ့သား ရောဘတ်ဆိုရင် နံစော်ဖျံဆိုတဲ့ မြောက်အမေရိကမှာတွေ့ရတဲ့ အကောင်လေးနဲ့ ခွဲထားလို့တောင်မရပါဘူး။ သူတို့မိသားစုမှာ အန္တရာယ်ကင်းတဲ့ မြွေအကောင်ရေ (၁၄) ကောင်ရှိပါတယ်။ စကော့တ်က စပါးအုံးတွေက အချိန်မရွေ့ လည်ပင်းညစ်နိုင်တဲ့အတွက် သူတို့ကို စောင့်ကြည့်ရပါတယ်။ သူတို့မိသားစုက တိရစ္ဆာန်တွေနဲ့အတူ Merseyside ကောင်တီရှိ အိပ်ခန်း (၅) ခန်းပါတဲ့အိမ်မှာ နေထိုင်ပါတယ်။ တိရစ္ဆာန်တွေကို ဂရုစိုက်စောင့်ရှောက်ဖို့အတွက် တစ်လကို ပေါင် (၄၀၀) ကုန်ကျပါတယ်။

တိရစ္ဆာန်တွေက သက်ကြီးရွယ်အိုတွေအတွက် စကားပြောစရာ အဖော်ဖြစ်လာတယ်လို့ စကော့တ်က ပြောပါတယ်။ သက်ကြီးရွယ်အိုတွေကို တိရစ္ဆာန်လေးတွေနဲ့ မြင်တွေ့ရတာနဲ့ သူတို့ဆီကနေ ဇာတ်လမ်းတွေ ပြန်ကြားရတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်လို့ စကော့တ်က ဆိုထားပါတယ်။

Ref: Meet the animal-loving family that live with 81 exotic pets including snakes and meerkats

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top