တရုတ်နိုင်ငံမှာ လူတချို့က ရေပန်းစားနေတဲ့ ပန်ဒါကို မြင်တွေ့ရဖို့ ၃ နာရီကြာ တန်းစီစောင့်နေကြရပါတယ်။ အဲ့ဒီပန်ဒါက သာမန်ပန်ဒါမျိုးမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီပန်ဒါက စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့က ဧရာမပန်ဒါမွေးမြူရေးသုတေသနစခန်းမှာ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ် ဟွာဟွာဆိုတဲ့ ပန်ဒါလေးပါ။
ဟွာဟွာ ထိုင်ပြီး အစားစားနေတာကို ကြည့်ရှုရဖို့ လူတွေ အလည်အပတ်လာပြီး စောင့်ဆိုင်းချင်စိတ်တွေဖြစ်အောင် ဟွာဟွာက ဆွဲဆောင်လို့နေပါတယ်။ ဟွာဟွာက မွေးဖွားချိန်ကပြီး လူမှုကွန်ယက်မှာ ကြည့်ရှုသူ ဘီလျံချီရှိခဲ့တာပါ။ ချန်ဒူးမြို့ပန်ဒါစီးပွားရေးရဲ့မောင်းနှင်အားတစ်ခုအဖြစ်တောင် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဟွာဟွာကို စီချွမ်ခရီးသွားလုပ်ငန်းဗျူရိုရဲ့ဂုဏ်ထူးဆောင်ဒါရိုက်တာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ပထမတချက်ကြည့်လိုက်တာနဲ့ ဟွာဟွာက အခြားပန်ဒါတွေနဲ့မတူတာကို သတိထားမိကြမှာပါ။ သူ ထိုင်နေတဲ့အချိန် တြိဂံပုံစံထမင်းလုံးလို အိုနီဂီရီ( Onigiri) ပုံသဏ္ဍာန်လေးပါ။ မေးရိုးတိုတိုလေးနဲ့ ချစ်စရာပန်ဒါလေးပါ။ ခြေလက်တိုတိုလေးနဲ့ ခန္ဓာကိုယ်က လမ်းလျှောက်တဲ့အခါ ရှက်ပြာရှက်ပြာဖြစ်စေရုံသာမက နှေးလည်းနှေးကွေးပါတယ်။
အရင်က ဟွာဟွာကို မြင်တွေ့ရဖို့ ၂ နာရီကြာ စောင့်ဆိုင်းခဲ့ရပေမဲ့ အခုတော့ ၃ နာရီအထိ ပိုကြာသွားပြီလို့ သိရပါတယ်။
Ref: This Onigiri-Shaped Panda Is So Popular, People Queue 3 Hours Just To See Her For 3 Minutes
WL (ရိုးရာလေး)

