လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့မင်္ဂလာဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ တရုတ်မင်းသား ဟိုရှန်(Hou Xiang)ဟာ ကလေးရုပ် မပျောက်သေးတဲ့ အသွင်အပြင်ကြောင့် လူပြောများနေပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ဟိုရှန်ဟာ ၂၀၀၅ ခုနှစ်မှာ ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့ပြီး ကလေးဇာတ်ရုပ်နဲ့ အောင်မြင်မှုရရှိခဲ့သူပါ။

ဟိုရှန်ကို ကိုယ်ဝန်ဆောင်ထားချိန်မှာ မိခင်ဖြစ်သူ အာဟာရချိုတဲ့မှု ကြုံခဲ့သလို လမစေ့ဘဲ မွေးဖွားခဲ့တာကြောင့် အခြားကလေးတွေထက် သေးညှက်ခဲ့တာပါ။ အသက် ၉ နှစ်အရွယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ရပ်တန့်သွားတာကြောင့် အခုချိန်အထိ ကလေးရုပ် အသွင်အပြင် ဖြစ်နေခဲ့တာပါ။ သူဟာ ခန္ဓာကိုယ် ဖွံ့ဖြိုးခြင်းမရှိပေမဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်မှာ မူလတန်းကျောင်းသားဇာတ်ရုပ် သရုပ်ဆောင်ခဲ့တဲ့ “Home with Kids” ဇာတ်လမ်းတွဲမှာ စတင်အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာလည်း “Stepfather”၊ “Chuang Guandong” နှင့် “Tunnel Warfare” အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ကလေးဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သူပါ။

လူမှုကွန်ရက်ပေါ်မှ သူ့ရဲ့ မင်္ဂလာဓာတ်ပုံတွေကို ” အမေနဲ့ သား တွဲရိုက်ထားတာလား”ဆိုတဲ့ လှောင်ပြောင်မှုတွေ ရှိနေပေမဲ့ ဟိုရှန်ကတော့ ” သူ့ဘဝတစ်လျှောက်လုံး လှောင်ပြောင်မှုတွေ ကြုံခဲ့ဖူးလို့ ဂရုစိုက်မှာ မဟုတ်ဘူး”လို့ တုံ့ပြန်ထားပါတယ်။
Ref: China’s ‘Ageless Actor’ Is 40 Years Old, Doesn’t Look a Day Over 12
NZ (ရိုးရာလေး)

