မင်္ဂလာပွဲနေ့မှာ သတို့သားပေါ်မလာခဲ့ပေမဲ့ တစ်ယောက်တည်းပဲ ​ပျော်ပျော်ကြီးကျင်းပခဲ့တဲ့ သတို့သမီး

9-29-2022-yyl-09.jpg

မင်္ဂလာပွဲနေ့မှာ သတို့သားပေါ်မလာခဲ့ပေမဲ့ တစ်ယောက်တည်းပဲ ​ပျော်ပျော်ကြီးကျင်းပခဲ့တဲ့ သတို့သမီး

မင်္ဂလာပွဲနေ့မှာ သတို့သားပျောက်သွားခဲ့ရင် ဘယ်သူမဆို မင်္ဂလာပွဲကို ဖျက်သိမ်းပစ်ကြမယ်ထင်ပါတယ်။ ဒီသတို့သမီးကတော့ မင်္ဂလာပွဲနေ့မှာ သတို့သားပေါ်မလာခဲ့ပေမဲ့ မင်္ဂလာပွဲကို ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကေလေး စတိဒ် ဆိုသူ သတို့သမီးက မင်္ဂလာပွဲနေ့မနက်ခင်းမှ မင်္ဂလာပွဲကို သတို့သားမလာတော့ဘူးဆိုတာ သိခဲ့ရတာပါ။

ကေလေးက ဝမ်းနည်းကြေကွဲနေပေမဲ့ Oxwich Bay Hotel မှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ ဆွေမျိုးတွေ ဝန်းရံရင်း မင်္ဂလာပွဲကို ဆက်ကျင်းပခဲ့ပါတယ်။ သူက မင်္ဂလာဂါဝန်ကြီးဝတ်ဆင်လာပြီး ငှားရမ်းထားတဲ့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာနဲ့ ဓာတ်ပုံတွေရိုက်ခဲ့တယ်။ မင်္ဂလာစကားပြောကြားခဲ့တယ်။ မင်္ဂလာအခမ်းအနားမှာ ကလည်းကခဲ့တယ်။ သတို့သားအရံတွေ၊ သူ့အစ်ကိုတွေ၊ သူ့အဖေ ဘရိုင်ယန်တို့နဲ့ ပထမဆုံးကခဲ့ပါတယ်။ ကေလေးက သတို့သမီးအနေနဲ့ မင်္ဂလာအခမ်းအနားထဲ ဝင်ရောက်တဲ့အချိန်မှာ အဆိုတော် Lizzo ရဲ့ “Good as Hell” သီချင်းကိုတောင် ဖွင့်ထားခဲ့ပါတယ်။

မင်္ဂလာပွဲနေ့မှာ သတို့သားပေါ်မလာခဲ့ပေမဲ့ တစ်ယောက်တည်းပဲ ​ပျော်ပျော်ကြီးကျင်းပခဲ့တဲ့ သတို့သမီး

မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပခဲ့ပေမဲ့ သူ့ရဲ့ဟန်းနီးမွန်းကို ဖျက်သိမ်းခဲ့ရပါတယ်။ သူ့သူငယ်ချင်းတွေက ကေလေးအတွက် GoFundMe ပေ့ချ်ကိုတောင် ထောင်ပေးခဲ့ပါတယ်။ သတ္တိရှိတဲ့၊ ယုံကြည်ချက်ရှိတဲ့ မျက်နှာထားနဲ့ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့ပေမဲ့ ကေလေးက သတို့သားရဲ့နောက်ဆုံးမိနစ်ဆုံးဖြတ်ချက်ကြောင့် စိတ်ရှုပ်ထွေးနေပါတယ်။

သတို့သားနဲ့ အဆက်အသွယ်မရခဲ့တဲ့အကြောင်းကို ကေလေးက ပြောပြပါတယ်။ သတို့သားကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ဘူး။ အကြောင်းပြချက်လည်း မရခဲ့ဘူး။ သူ့အတွက် ဒါက လုံးဝထိတ်လန့်စရာဖြစ်ခဲ့တယ်။ သတို့သား ဒီလိုလုပ်မယ်ဆိုတဲ့ အရိပ်အယောင်တောင်မတွေ့ခဲ့ဘူးလို့ သူက ဆိုပါတယ်။

မင်္ဂလာပွဲနေ့မှာ သတို့သားပေါ်မလာခဲ့ပေမဲ့ တစ်ယောက်တည်းပဲ ​ပျော်ပျော်ကြီးကျင်းပခဲ့တဲ့ သတို့သမီး

သတို့သားကို ဘယ်နေရာမှရှာမတွေ့ဘူးလို့ သတို့သားအရံတစ်ယောက်က သတို့သား၊သတို့သမီးအရံအဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ဘယ်လိုပြောပြရင် အကောင်းဆုံးဖြစ်မလဲလို့ တိုင်ပင်နေကြတဲ့အတွက်ကြောင့် သူတို့က ကေလေးကို အသိမပေးခဲ့ဘူး။ ဖုန်းကို ဖွက်ထားခဲ့ကြတယ်။ ကေလေး ဖုန်းကိုရှာတွေ့တော့ သူ့အမေဆီက Missed call တွေကို တွေ့လိုက်ရပါတယ်။ သူ့ကို ဖုန်းပြန်ခေါ်တော့ မနက်အစောကြီးကတည်းက သတို့သား ကားမောင်းထွက်သွားခဲ့တယ်။ မရှိတော့ဘူးလို့ ငိုပြီး ပြောခဲ့ပါတယ်။

ဆံပင်နဲ့မိတ်ကပ်ပြင်ဆင်နေတဲ့အချိန်မှာ သတို့သားရဲ့အဖေနဲ့ စကားပြောခဲ့ရပြီး သတို့သားမလာတော့ဘူးဆိုတာ သေချာသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကေလေး ရှိုက်ကြီးတငင်ငိုခဲ့ပါတယ်။ မိတ်ကပ်တွေပျက်သွားလို့ ပြန်လိမ်းခဲ့ရပါတယ်။

သူ့အစ်မက “ဘာလို့ မင်္ဂလာပွဲကို မလုပ်ရမှာလဲ..ကေလေး” လို့ ပြောလိုက်တဲ့အချိန်မှာ ကေလေးက “ငါ ဒါကို လုပ်မယ်။ ဒီအတွက် ငွေတွေအများကြီး သုံးထားခဲ့ရတာ။ မင်္ဂလာပွဲကအစားအစာတွေမျှော်နေခဲ့ရတာ၊ အဖေနဲ့ကဖို့၊ ငါ့မိသားစုနဲ့ အချိန်ကုန်ဆုံးဖို့ကိုလည်း ငါမျှော်နေခဲ့ရတာ။ ဒါကြောင့် ငါ ဘာလို့မလုပ်ရမှာလဲ” ဆိုပြီး မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပဖြစ်ခဲ့တာပါ။

Ref: Ladbible “Bride goes ahead with wedding by herself after groom failed to show up”

WL( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top