ညဈေးမှာ အနောက်တိုင်းဝတ်စုံဝတ်ပြီး ထမင်းကြော်ရောင်းကာ တစ်လ ကို ကန်ဒေါ်လာ ၇၄၀၀ ဝင်နေတဲ့ တရုတ်အမျိုးသား

youngboy1.png

တရုတ်လူငယ်တစ်ဦးဟာ ညဈေးတစ်ခုမှာ အနောက်တိုင်းဝတ်စုံဝတ်ပြီး ထမင်းကြော်ကာ တစ်လကို ကန်ဒေါ်လာ ၇၄၀၀ ရနေတဲ့အတွက် လူသိများလာခဲ့ပါတယ်။

မျိုးရိုးနာမည် လု လို့ခေါ်တဲ့ အဲ့ဒီလူငယ်လေးက အသက် ၁၇ နှစ်အရွယ်မှာ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ယန်တိုင်မြို့မှာ ဆိုင်လေးကို စဖွင့်ခဲ့ပြီး အခုအခါ မိသားစုရဲ့ကျောထောက်နောက်ခံဖြစ်လာခဲ့ပါတယ်။

သူဟာ ပိုပြီးအမြင်တင့်တယ်စေဖို့အတွက် အနောက်တိုင်းဝတ်စုံဝတ်ပြီး ထမင်းကြော်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခု အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လုက ထမင်းကြော်ရင်း သူ့ဆံပင်ကို သပ်ပြတာ၊ ကင်မရာဘက် မျက်စိမှိတ်ပြတာ၊ သူ့မိသားစု ပစ်ပေးတဲ့ကြက်ဉကို ဖမ်းပြတာ စတဲ့ ပို့စ်အမျိုးမျိုးကိုလည်း မကြာခဏ လုပ်ပြပါတယ်။

လုက သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ ထမင်းကြော်တဲ့စတိုင်ဗီဒီယိုတွေကို hashtag Sanjifriedrice နဲ့ တင်လေ့ရှိပါတယ်။ သူက တစ်ခါတလေ ဟန်ပြအနေနဲ့ ဆေးလိပ်ကို ပါးစပ်ထဲ ထည့်ထားလေ့ရှိပါတယ်။ ဆေးလိပ်တော့မသောက်ပါဘူး။

သူ့ရဲ့ဆိုင်လေးက ညနေ ၅ နာရီကနေ ည ၁၁ ခွဲအထိ နေ့တိုင်းဖွင့်ပါတယ်။ အလုပ်များတဲ့အချိန်ဆို ထမင်းကြော်တစ်ပန်းကန်ကို ၃ မိနစ်အတွင်း ပြုလုပ်နိုင်ပါတယ်။ တစ်နေ့ကို ထမင်းကြော် ၂၀၀ ကျော်ရောင်းချရပါတယ်။ ထမင်းကြော်တစ်ပွဲကို ၁၀ ယွမ်ဝန်းကျင်ကျသင့်ပါတယ်။

လစဉ်ဝင်ငွေက ယွမ် ၅၀၀၀၀ (ကန်ဒေါ်လာ ၇၄၀၀) ရှိပြီး ကုန်ကျစရိတ်နှုတ်လိုက်ရင် တစ်လကို ယွမ် ၂၀၀၀၀ ရှိတယ်လို့ လုရဲ့ပြောစကားအရ သိရပါတယ်။ ထမင်းကြော်ရောင်းတဲ့အချိန်မှာ အစားအစာပြင်ဆင်ဖို့ သူ့အဖေက ကူညီပေးတာကြောင့် စတိုင်ကျကျ ကြော်တဲ့စတိုင်အပေါ် အရေးစိုက်နိုင်တာပါ။ သူ့အဖေက တစ်ခါတလေ ဘေးမှာ ထမင်းကြော်ပေးပါတယ်။

သူ့ရဲ့အနာဂတ်စီးပွားရေးအစီအစဉ်ကို ထုတ်ပြောမထားပေမဲ့ အလုပ်သင်တွေ စတင်လက်ခံဖို့ လုပ်နေတယ်လို့ သိရပါတယ်။

Ref: Chinese man earns US$7,400 monthly selling fried rice at night market while dressed in a suit

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top