ကမ္ဘာကျော်ကိုရီးယားအမျိုးသားအဖွဲ့ BTS ဟာ မေ ၂၅ ရက်နေ့ကျ လပ်ဗီးဂပ်စ်မြို့ ရှိ MGM Grand Garden Arena မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ AMAs ဆုပေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က သူတို့အဖွဲ့ဟာ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကို ရရှိခဲ့ပြီးနောက် ၅ နှစ်အကြာမှာ ဒီပွဲကို ပြန်တက်ရောက်လာမှုဖြစ်ပါတယ်။
အခုနှစ်မှာ BTS က တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုအတွက် ထပ်ပြီး ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ဒီဆုအတွက် ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်တဲ့ ဘတ်ဒ် ဘန်နီ၊ ဘရုနို မားစ်၊ တေလာဆွစ်၊ လေဒီဂါဂါတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဒီဆုအပြင် အကောင်းဆုံးအမျိုးသားကေပေါ့ပ်အနုပညာရှင်ဆုနဲ့ နွေရာသီသီချင်းဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ထားပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ SWIM သီချင်းက ထွက်ရှိပြီးမကြာခင်မှာပဲ Song of the Summer ဆုစာရင်းဝင်သွားခဲ့တာပါ။ BTS အဖွဲ့ဟာဆိုရင် AMAs ဆုပေးပွဲမှာ အဖွဲ့လိုက်အနေနဲ့ရော တစ်ကိုယ်တော်လှုပ်ရှားမှုအနေနဲ့ပါ စုစုပေါင်း ဆု ၁၂ ဆုရရှိထားပါတယ်။
AMAs ဆုပေးပွဲမတိုင်ခင် BTS အဖွဲ့က မေ ၂၃-၂၄ ရက်ကျ လပ်ဗီးဂပ်စ်မြို့ မှာ BTS World Tour ARIRANG ဖျော်ဖြေပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။
Ref: BTS Returns to the AMAs After 5 Years, Nominated for Artist of the Year Again
WL ( ရိုးရာလေး )

