၂၀၂၄ ခုနှစ်က အာဂျင်တီးနားနိုင်ငံမှာ ဟိုတယ်လသာဆောင်ကနေ ပြုတ်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းရဲ့သားဖြစ်သူ Bear က သူ့ရဲ့ပိုင်ဆိုင်မှု ဒေါ်လာ ၃၇.၄သန်းကို အမွေဆက်ခံမှာဖြစ်ပါတယ်။ လီယမ်ပိန်းရဲ့ပိုင်ဆိုင်မှုက သူ့ရဲ့တစ်ဦးတည်းသောကလေးဆီ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ အမွေဆိုင်ရာစာရွက်စာတမ်းအသစ်တွေက အတည်ပြုထားပါတယ်။
ဗြိတိန်ရဲ့အမွေဆက်ခံမှုစည်းမျဉ်းအရ လီယမ်က ကွယ်လွန်ချိန်မှာ လက်ထပ်မထားရသေးတဲ့အတွက်ကြောင့် သားဖြစ်သူ Bear ကပဲ အမွေဆက်ခံရမှာဖြစ်ပါတယ်။ Bear အရွယ်မရောက်ခင် ပိုင်ဆိုင်မှုရဲ့အစိတ်အပိုင်းတွေကို အကျိုးရှိရှိအသုံးပြုခွင့်ပေးထားပါတယ်။ Bear ရဲ့အမေ အဆိုတော် Cheryl နဲ့ ဂီတနယ်ပယ်ကရှေ့နေ Richard Bray က ပိုင်ဆိုင်မှုရဲ့စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်နေပါတယ်။
Ref: Liam Payne’s son Bear set to inherit late singer’s $37.4m estate
WL ( ရိုးရာလေး )

