Game of Thrones ဇာတ်လမ်းတွဲအတွက် မင်းသမီး အမ်မလီယာ ကလာ့ခ် အနုပညာကြေးဘယ်လောက်ရခဲ့လဲ ?

Game-of-Thrones.png

Game of Thrones ဇာတ်လမ်းတွဲမှာ ဒေးနေး တာကာရန် ဇာတ်ရုပ်ကို မင်းသမီး အမ်မလီယာ ကလာ့ခ် သရုပ်ဆောင်ခဲ့တာ နှစ်တွေကြာခဲ့ပါပြီ။ ပရိသတ်တွေကြားမှာတော့ သူ့ရဲ့ဇာတ်ကောင်က ရေပန်းစားနေတုန်းပါပဲ။ အခုဆို အဲ့ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး သူ ရခဲ့တဲ့အနုပညာကြေးအကြောင်း ကောလာဟလတွေအပေါ် ဖွင့်ဟလာခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ အမ်မလီယာက ဇာတ်လမ်းတွဲရဲ့အပိုင်းတစ်ပိုင်းကို ဒေါ်လာ ၃၀၀၀၀၀ ရတယ်ဆိုတဲ့သတင်းတွေဟာ အလွန်အကျွံချဲ့ကားပြောဆိုနေကြတာဖြစ်တယ်လို့ ပြောပါတယ်။ သူ အဲ့လောက်အထိမရခဲ့ဘူ။ သူသာ အဲ့လောက်အများကြီးရရင် Porsches ကား ၂ စီးလောက်ဝယ်စီးနေခဲ့မှာလို့ နောက်ပြောင်ခဲ့ပါတယ်။ ဒါပေမဲ့ အပိုင်းတစ်ပိုင်းကို ဘယ်လောက်ရခဲ့လဲဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

Games of Thrones က Season 8 အထိရခဲ့တာပါ။ သရုပ်ဆောင်တွေရဲ့အနုပညာကြေးက အပိုင်းတစ်ပိုင်းကို ဒေါ်လာ ၅၀၀၀၀၀ ကနေ ဒေါ်လာ ၃၀၀၀၀၀ အထိရရှိတယ်ဆိုတဲ့ ကောလာဟလတော့ရှိခဲ့ပါတယ်။

အမ်မလီယာက Prime Video Series ဖြစ်တဲ့ Crimin‌al မှာ ပါဝင်သရုပ်ဆောင်မှာဖြစ်သလို When Darkness Loves Us ထိတ်လန့်စရာဇာတ်လမ်းတွဲမှာလည်း ပါဝင်ဖို့ စီစဉ်ထားပါတယ်။

Ref: How Much Did Emilia Clarke Receive For Game Of Thrones? Actor Says

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top