Harry Potter ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားဒန်နီရယ် ရက်ကလစ်ဖ် နဲ့ မင်းသားတွမ် ဖယ်လ်တန်တို့ဟာ 2026 Tony Awards ပွဲအပြီးပါတီမှာ ပြန်ဆုံတွေ့ကာ ဓာတ်ပုံအတူရိုက်ခဲ့ကြတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါပြီ။ Harry Potter ဇာတ်ကားတွေပြီးသွားခဲ့တဲ့ ၁၅ နှစ်နီးပါးရှိပါပြီ။
ဒန်နီရယ်က ဟယ်ရီပေါ်တာဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ပြီး တွမ် ဖယ်လ်တန်ကတော့ ဟယ်ရီပေါ်တာရဲ့ရန်ဘက် ဒရာကို မယ်လ်ဖွိုင်း ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ကြတာပါ။ အခု ပါတီမှာ ပြန်လည်ဆုံစည်းကြတော့ သူတို့နှစ်ဦးဟာ ဓာတ်ပုံတွေထဲမှာ ပြုံးပျော်ရွှင်လို့နေကြပါတယ်။

ဒန်နီရယ်နဲ့ တွမ်တို့ဟာ ပြီးခဲ့တဲ့နှစ်က the Merrily We Roll Along ရုပ်ရှင်ပြသပွဲမှာလည်း တွေ့ဆုံခဲ့ကြပါသေးတယ်။
Ref: Harry Potter Stars Daniel Radcliffe And Tom Felton Are All Smiles At Tony Awards After Party
WL (ရိုးရာလေး)

