၃ နှစ်ကျော်ကြာ မေ့မြောနေခဲ့တဲ့ ထိုင်းဘုရင်ရဲ့အကြီးဆုံးသမီးတော် ထိုင်းမင်းသမီး ကွယ်လွန်

dead.jpg

ထိုင်းဘုရင်ဘူမိဘောရဲ့ မြေးတော်၊ လက်ရှိဘုရင် မဟာဗာဇီယာလောင်ကွန်းရဲ့အကြီးဆုံးသမီး ထိုင်းမင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါဟာ အသက် ၄၇ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ မင်းသမီးက ဇွန်လ ၁၁ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းမင်းသမီးဘာဂျရာကီတီယာဘာဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက နှလုံးရောဂါကြောင့် မေ့မြောနေခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရတာပါ။ သူ့ရဲ့အခြေအနေက အခုနှစ်မေလမှာ ဆိုးရွားလာခဲ့ပါတယ်။ ဧပြီလက အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်ပိုးဝင်တာကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါသေးတယ်။ ဒါက သူ့ရဲ့အခြေအနေကို မတည်ငြိမ်ဖြစ်လာစေခဲ့ပြီး သွေးဖိအားနည်းတာ၊ နှလုံးခုန်မမှန်တာ၊ သွေးခဲတာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ထိုင်းဘုရင်က တော်ဝင်အိမ်တော်ထိန်းရုံးကို တော်ဝင်ထုံးတမ်းစဉ်လာတွေအရ အမြင့်ဆုံးဂုဏ်ထူးနဲ့ တော်ဝင်ဈာပနအခမ်းအနားကို စီစဉ်ဖို့နဲ့ နန်းတော်ရှိ Phiman Rattaya ခန်းမမှာ ထားရှိဖို့ အမိန့်ပေးတဲ့ တော်ဝင်အမိန့်တစ်ရပ် ထုတ်ပြန်ထားပါတယ်။

Ref: Thai princess, 47, dies after being in coma for over 3 years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top