၁၄ နှစ်တာဆက်ဆံရေးကို အဆုံးသတ်ပြီး လုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ပြီးရှိနေတော့မယ့် ကိုရီးယားအနုပညာရှင်စုံတွဲ

break1.avif

နာမည်ကြီးတောင်ကိုရီးယားအနုပညာရှင်စုံတွဲဖြစ်တဲ့ မင်းသား ဂျောင်ဂယောင်းဟို နဲ့ Girls’ Generation အဖွဲ့ဝင်အဆိုတော်မင်းသမီး ချွဲဆူယောင်းဟာ ၁၄ နှစ်တာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့တာပါ။ သူတို့ လမ်းခွဲလိုက်တယ်ဆိုတာကို ဇွန်လ ၉ ရက်နေ့က သတင်းမီဒီယာမှာ ဖော်ပြခဲ့ကြပါတယ်။

သူတို့နှစ်ဦးက အနုပညာအလုပ်ကိုယ်စီနဲ့ အလုပ်များလာတာကြောင့် လမ်းခွဲဖို့ဖြစ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဆူယောင်းရဲ့အေဂျင်စီ SARAM Entertainment က “သူတို့လမ်းခွဲလိုက်တာမှန်ပါတယ်။ ကောင်းမွန်တဲ့လုပ်ဖော်ကိုင်ဖက်အနေနဲ့ ဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်ကြတာပါ”လို့ ဆိုပါတယ်။

ဂယောင်းဟိုရဲ့အေဂျင်စီ Management Allum ကလည်း “သူတို့လမ်းခွဲလိုက်တာမှန်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တဲ့အတွက် အသေးစိတ်ပြောပြပေးဖို့ ခက်ခဲပါတယ်”လို့ ထုတ်ပြောသွားခဲ့ပါတယ်။

ဂယောင်းဟိုနဲ့ ဆူယောင်းတို့နှစ်ဦးဟာ ချစ်သူသက်တမ်းအကြာဆုံးအနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအဖြစ် လူသိများပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်ကတည်းက တွဲခဲ့ကြပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီကျမှ သူတို့ရဲ့ဆက်ဆံရေးကို လူသိရှင်ကြား အသိပေးခဲ့တာဖြစ်ပါတယ်။

Ref: Jung Kyung Ho and Girls’ Generation’s SooYoung have broken up after 14 years of dating.

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top