အခုလထဲ လက်ထပ်တော့မယ့် ကိုရီးယားမင်းသမီးချော မွန်းချယ်ဝမ်ဟာ မင်္ဂလာဝတ်စုံဝတ်ဆင်ပြီး ရိုက်ထားတဲ့ သူ့ရဲ့ပုံရိပ်တွေကို သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက်အကောင့်ကနေ ထပ်တင်ပေးလာပါတယ်။ သူဟာ ဇွန် ၁၁ ရက်နေ့က မင်္ဂလာဆောင်ဓာတ်ပုံတွေကို မျှဝေခဲ့တာပါ။ အဖြူရောင်မင်္ဂလာဝတ်စုံနဲ့ လှပကာ ကျက်သရေရှိလို့နေပါတယ်။ သူ့ရဲ့အပြုံးတွေကလည်းတောက်ပနေပါတယ်။ သတို့သားက အနုပညာလောကထဲကမဟုတ်တဲ့အတွက် သတို့သားပုံကို မမျှဝေထားတာဖြစ်နိုင်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကလည်း မင်္ဂလာဓာတ်ပုံတွေကို မျှဝေခဲ့ပါသေးတယ်။


မွန်းချယ်ဝမ်က အနုပညာလောကထဲကမဟုတ်တဲ့သူနဲ့ လက်ထပ်တော့မယ်ဆိုတာကို လက်ရေးစာတစ်စောင်နဲ့ ဧပြီလ ၁၅ ရက်နေ့က ပရိသတ်တွေကို အသိပေးခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာ အနုပညာလောကထဲဝင်ရောက်ခဲ့တဲ့ မွန်းချယ်ဝမ်ကို ” “Flower of Evil,” “Goodbye Mr. Black,” “The Innocent Man,” “Good Doctor,” “Moon of the Day” ဇာတ်လမ်းတွဲတွေနဲ့ လူသိများပါတယ်။


Ref: Moon Chae Won Drops More Wedding Photos
WL (ရိုးရာလေး)

