မော်ဒယ်ဝင်ပြိုင်နေတဲ့ သမီးဖြစ်သူကို အားပေးဖို့ လိုက်ပါခဲ့ပေမဲ့ မော်ဒယ်အဖြစ်အရွေးခံခဲ့ရတဲ့ မိခင်

mother.jpg

တင်ဂျ် ဆိုသူ အမျိုးသမီးဟာ Basic Models Management မော်ဒယ်အေဂျင်စီမှာ မော်ဒယ်ဖြစ်ဖို့ ဝင်ပြိုင်နေတဲ့ သမီးဖြစ်သူကို အားပေးဖို့ ရှိနေခဲ့ပေမဲ့ သူကိုယ်တိုင်က မော်ဒယ်အဖြစ်ဝင်ပြိုင်ဖို့ ဖိတ်ကြားခံလိုက်ရပါတယ်။

အကဲဖြတ်တဲ့ အဆင့်တွေများစွာကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ တင်ဂျ်က မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ခဲ့ရပါတယ်။ သမီးဖြစ်သူ အန်ယာကတော့ အချိန်ဇယားအခက်အခဲကြောင့် မော်ဒယ်အဖြစ် ရွေးချယ်မခံခဲ့ရပါဘူး။

အန်ယာက စင်ကာပူမှာ အမြဲနေထိုင်သူဖြစ်ပြီး သူ့အမေက တရုတ်လူမျိုး၊ သူ့အဖေက ပြင်သစ်လူမျိုးပါ။ အေဂျင်စီဒါရိုက်တာက အန်ယာကို မော်ဒယ်သူငယ်ချင်းရှိလားမေးတော့ သူ့အမေကတော့ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ ဖြေခဲ့တာပါ။

အမေဖြစ်သူရဲ့အရပ်အမောင်းကို မေးတော့ အန်ယာက ၁၇၂ စင်တီမီတာဝန်းကျင်ရှိတယ်။ သူ့အမေက အပြင်မှာစောင့်နေတယ်လို့ ပြန်ဖြေခဲ့တာပါ။ ချက်ချင်းပဲ အေဂျင်စီဒါရိုက်တာက သူ့လက်ထောက်ကို တင်ဂျ်ကို သွားခေါ်စေခဲ့ပါတယ်။ အဲ့ဒီနောက် မော်ဒယ်အဖြစ် ဝင်ပြိုင်ပြီးနောက် စာချုပ်ချုပ်ခွင့်ရခဲ့ပါတယ်။

အရင်က တင်ဂျ်ဟာ တရုတ်မှာ ၄-၅ နှစ်လောက် မော်ဒယ်လုပ်ခဲ့ဖူးပါတယ်။ အသက်ကြီးလာသလို ခံစားရတဲ့အတွက် မော်ဒယ်အလုပ်က သူ့အတွက်ရေရှည်အသက်မွေးဝမ်းကျောင်းမဖြစ်ခဲ့တာပါ။ အခုတော့ သမီးဖြစ်သူကို အားပေးရင်းနဲ့ သူဟာ မော်ဒယ်အဖြစ် ထပ်မံလုပ်ခွင့်ရသွားခဲ့ပါတယ်။

Ref: Mother goes to S’pore modelling casting call to support daughter, 15, gets signed by agency instead

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top