ရေနေ တွားသွားသတ္တဝါ Ichthyosaur ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယမှာ ပထမဆုံး တူးဖော်ရရှိခဲ့

98467782_img_0513.jpg

အိန္ဒိယနိုင်ငံက သိပ္ပံပညာရှင်များဟာ အိန္ဒိယနိုင်ငံ အနောက်စွန်ဆုံးမှာ တည်ရှိတဲ့ ဂူဂျာရတ် ပြည်နယ်ရဲ့ နောက်ပိုင်းမှာ မျိုးသုဉ်းသွားပြီဖြစ်တဲ့ ပင်လယ် သွားတွားသတ္တဝါ Ichthyosaur ရဲ့ နှစ် ၁၅၂ သန်း သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

ဒါဟာ ichthyosaur လို့ခေါ်တဲ့ တွားသွား ပင်လယ်နေ သတ္တဝါတစ်မျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံမှာ  ပထမဆုံးအကြိမ်တွေ့ရှိခြင်းလည်း ဖြစ်ပါတယ်။ ဒီ ကျောက်ဖြစ်ရုပ်ကြွင်းကို တွားသွားသတ္တဝါတွေ အားအကြီးဆုံးဖြစ်ခေတ်ဖြစ်တဲ့ Mesozoic ခေတ်ကတည်းကဖြစ်ပေါ်ခဲ့တဲ့ ကျောက်တုံးတစ်တုံးထဲမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

တူးဖော်မှုကို ဦးဆောင်သူ ပါမောက္ခ VR ပရာဆတ် ကတော့ ၁၈ ပေခန့်ရှည်လျားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလုံးနီးပါးကို တူးဖော်ပြီးပြီဖြစ်ပေမဲ့ ဦးခေါင်းရိုးနဲ့ အမြီးရိုးကိုတော့ မတူးဖော်ရသေးဘူးလို့ ဆိုပါတယ်။

ဒီလေ့လာချက်ကို Plos One science ဂျာနယ်မှာ ပုံနှိပ်ခဲ့ပြီး “ဒီတွေ့ရှိချက်ဟာ အိန္ဒိယမှာ ichthyosaur လို ပင်လယ်နေသတ္တဝါတွေ နေဖူးတယ်ဆိုတဲ့ အထောက်အထားဖြစ်သလို အိန္ဒိယနိုင်ငံဟာ Jurassic ခေတ်ကာလမှာ တခြားနိုင်ငံတွေ နည်းတူ ဇီဝဗေဒဆိုင်ရာ ဆက်သွယ်ချက်တွေ ရှိနေကြောင်း သက်သေပြချက်လည်း ဖြစ်ပါတယ်။” လို့ ပရာဆတ်က ဆိုပါတယ်။

ichthyosaur တွေကို လူအများစုက ဒိုင်နိုဆော ငါးတစ်ကောင်ဖြစ်တယ်လို့ ထင်မှတ်ကြပေမဲ့ ichthyosaur ဆိုတဲ့ နာမည်ဟာ ဂရိဘာသာစကားအရ Fish Lizard (အိမ်မြှောင်ငါး) လို့ အဓိပ္ပါယ်ရပြီး တွားသွားနိုင်တဲ့ ပင်လယ်နေသတ္တဝါတွေဖြစ်ပါတယ်။ ၁၉ ရာစု အလယ်ပိုင်းကစပြီး ဒီသတ္တဝါတွေကို တွားသွားနိုင်တဲ့ သတ္တဝါအုပ်စုထဲထည့်ခဲ့ပါတယ်။ ဒီသတ္တဝါတွေရဲ့ အရှည်က ၁ မီတာမှ ၁၄ မီတာ အထိရှိနိုင်ပြီး ဒီသတ္တဝါတွေဟာ ချွန်ထက်သန်မာတဲ့ သွားတွေရှိတဲ့ သတ္တဝါတွေလို့ ထင်ရှားခဲ့တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ichthyosaur တွေကတော့ လွန်ခဲ့တဲ့ နှစ် သန်း ၉၀ ခန့်လောက်က မျိုးသှဉ်းသွားခဲ့ပါတယ်။

Ref : News : Ichthyosaur fossil discovered for first time in India

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top