အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ နေအိမ်မီးလောင်ချိန်မှာ ခွေးလေးကြောင့် အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ နံနက် ၁ နာရီအချိန်မှာ အိုက်ဒါကယ်လီ အိပ်ပျော်နေတုန်း ၃ နှစ်ခွဲအရွယ်ရှိတဲ့ ပူဒယ်လ် အမျိုးအစား ခွေးလေး စကွီလီယံက အဆက်မပြတ် ထိုးဟောင်နေခဲ့တာပါ။ အစောပိုင်းမှာ အိုက်ဒါက မဟောင်ဖို့ ဟန့်တားခဲ့ပေမဲ့ စကွီလီယံရဲ့ဟောင်သံက ရပ်တန့်မသွားခဲ့ပါဘူး။
ဒါ့အပြင် စကွီလီယံက သူ့ကို လာနှိုးနေသလိုပုံစံမျိုးနဲ့ အိပ်ခန်းထဲ ဝင်လိုက်၊ ထွက်လိုက် လုပ်နေခဲ့ပါတယ်။ ခဏအကြာမှာပဲ အိုက်ဒါရဲ့အိပ်ခန်းထဲထိ မီးခိုးတွေ ဝင်လာလို့ ထွက်ကြည့်ချိန်မှာ မီးလောင်နေတာ တွေ့ရလို့ အိုက်ဒါလည်း ခွေးလေး စကွီလီယံကို ပွေ့ခေါ်ပြီး အိမ်အပြင် ထွက်ပြေးလာခဲ့တာကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့တာပါ။
မီးသတ်သမားတွေ ရောက်လာချိန်မှာ တစ်အိမ်လုံးကို မီးကူးစက် ပျံ့နှံ့နေပြီး အိုက်ဒါရဲ့ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးထဲ မီးထဲ ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့အတွက် မီးလောင်ပျက်စီးသွားတဲ့အိမ်က အစားထိုး ပြန်တည်ဆောက်လို့ ရနိုင်ပေမဲ့ သူ့အပေါ်ထားတဲ့ ခွေးလေး စကွီလီယံရဲ့သစ္စာတရားနဲ့ သိတတ်မှုက အစားထိုး မရနိုင်ဘူးလို့ အိုက်ဒါက ဆိုပါတယ်။
Ref: Dog Refuses to Stop Barking and Saves Owner’s Life Moments Before Home Goes Up in Flames
NZ (ရိုးရာလေး)

