Frederic Arnault နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ BlackPink အဖွဲ့ဝင် Lisa

Lisa.png

BlackPink အဖွဲ့ဝင် Lisa နဲ့ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် LVMH Watches ရဲ့စီးအီးအို Frédéric Arnault တို့ရဲ့ဆက်ဆံရေးအပေါ် လူစိတ်ဝင်စားနေခဲ့ကြတာကြာပြီ။ အခုလည်း Lisa နဲ့ Frédéric Arnault တို့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လို့နေပါတယ်။ ဇွန်လ ၂၃ ရက်နေ့က ထုတ်‌ဝေခဲ့တဲ့ Vanity Fair မဂ္ဂဇင်းရဲ့ “The Life of a K-Pop Showgirl” Cover Story နဲ့ အင်တာဗျူးပြီးနောက် ဒီသတင်းထွက်ပေါ်လာခဲ့တာပါ။

Lisa ရဲ့အဖွဲ့က သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝအကြောင့် မေးခွန်းတွေမမေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ Lisa က Frederic Arnault နဲ့အကြောင်း တိုက်ရိုက်မှတ်ချက်ပြုမထားပေမဲ့ မကြာသေးခင်ကမှ လမ်းခွဲလိုက်တဲ့ပုံရတယ်လို့ မဂ္ဂဇင်းက ပြောပါတယ်။ မတ်လ Lisa ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ပါတီမှာလည်း Frederic ရှိမနေခဲ့တာကြောင့်လည်း လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းတွေက ထပ်မံထွက်ပေါ်နေခဲ့တာပါ။

Lisa က မကြာသေးခင်ကမှ 2026 North American World Cup အဖွင့်ပွဲမှာ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

Ref: Blackpink’s Lisa reportedly parts ways with Frédéric Arnault, addresses privacy in interview

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top