အဝတ်အစားတွေကို ကိုယ်တိုင်ဖန်တီးချုပ်လုပ်လေ့ရှိတဲ့ ၉ နှစ် သမီးလေး

16-8-2022-yyl-01.jpg

အဝတ်အစားတွေကို ကိုယ်တိုင်ဖန်တီးချုပ်လုပ်လေ့ရှိတဲ့ ၉ နှစ် သမီးလေး

ခါအီအာ အာရာဂွန်က ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ အသက် ၉ နှစ်အရွယ် မူလတန်းကျောင်းသူလေးတစ်ယောက်ပါ။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က သူဟာ ကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေကို ဆွဲဆောင်ထားပါတယ်။ ငယ်ရွယ်တဲ့ အထည်ချုပ်သမလေးအနေနဲ့ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ ဗီရာ ဝမ်ရဲ့အာရုံကိုတောင် ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ဒီဇိုင်နာ ဗီရာက ခါအီအာကို သူ့ရဲ့ကိုယ်ပိုင်အပ်ချုပ်စက်ကိုလည်း လက်ဆောင်ပေးခဲ့တာပါ။

သူ့အဝတ်အစားကို ကိုယ်တိုင်ချုပ်လုပ်နေတဲ့ ခါအီအာ အာရာဂွန်

ခါအီအာက သူ့ရဲ့ကိုယ်ပိုင်အဝတ်အစားတွေကို စတင် ချုပ်လုပ်ဖန်တီးဖြစ်ခဲ့တာက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာပါ။ အဲဒီကတည်းက အဝတ်အစားချုပ်လုပ်တာကို မရပ်တန့်ဖြစ်ခဲ့ပါဘူး။ အနာဂတ်မှာလည်း ခါအီအာလေးက ပရော်ဖက်ရှင်နယ်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။

သူ့အဝတ်အစားကို ကိုယ်တိုင်ချုပ်လုပ်နေတဲ့ ခါအီအာ အာရာဂွန်

သူ့ရဲ့ကိုယ်တိုင်ဖန်တီးချုပ်လုပ်တဲ့ဝတ်စုံဒီဇိုင်းတွေကို အင်စတာဂရမ်မှာ တင်လေ့ရှိပါတယ်။ သူက သူ့ရဲ့ဝတ်စုံတစ်ခုချင်းစီကို ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေ ပြသရတာကို ပျော်ရွှင်နေတာပါ။ သူ့ရဲ့ဒီဇိုင်းတွေအတွက် ဘယ်ကနေ အတုယူလဲဆိုတာကိုလည်း ခါအီအာက ဖွင့်ဟခဲ့ပါတယ်။ “ဒီဇိုင်းတိုင်းအတွက် သမီးရဲ့စိတ်ကူးစိတ်သန်းက မတူညီတဲ့ နေရာတွေကနေ လာပါတယ်။ တူညီတဲ့အရာတစ်ခုကတော့ အရမ်းနူးညံ့ပြီး သက်တောင့်သက်သာရှိတဲ့ အထည်တွေကိုပဲ သုံးတာပါ”

ကိုယ်တိုင်ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံနဲ့ သူ့အဝတ်အစားကို ကိုယ်တိုင်ချုပ်လုပ်နေတဲ့ ခါအီအာ

ခါအီအာက သူ့အသက်အရွယ်မိန်းကလေးတွေအတွက် ရနိုင်တဲ့ ဖန်စီအဝတ်အစားတွေက အရမ်းမာပြီး သက်တောင့်သက်သာမဖြစ်တဲ့အတွက် ကိုယ်တိုင် အဝတ်အစားတွေကို ဖန်တီးချုပ်လုပ်ဖြစ်ခဲ့တာပါ။ သူ့ရဲ့ကိုယ်ပိုင်အဝတ်အစားတွေက ဖက်ရှင်ကျတဲ့အပြင် သက်တောင့်သက်သာလည်း ရှိပါတယ်။

ကိုယ်တိုင်ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံနဲ့ သူ့အဝတ်အစားကို ကိုယ်တိုင်ချုပ်လုပ်နေတဲ့ ခါအီအာ

ကိုယ်တိုင် ဖန်တီးချုပ်လုပ်ခဲ့တဲ့ ဝတ်စုံအများကြီးထဲမှာ သူ အကြိုက်ဆုံးဝတ်စုံက လက်နဲ့ ဆေးခြယ်ထားတဲ့ အထည်နဲ့ ချုပ်ထားတဲ့ ပန်းရောင်ဖျော့ဖျော့ဖဲသားဝတ်စုံပါပဲ။ ခါအီအာက စူပါဟီးရိုးဝတ်စုံတွေကိုလည်း တီထွင်ဖန်တီးဖြစ်ပါတယ်။ ရုပ်ရှင်ရုံမှာ ‘Thor: Love and Thunder” ဇာတ်ကားသစ်ကို ကြည့်ဖို့အတွက် Thor ဝတ်စုံကို အချိန်မီ ဒီဇိုင်းဆွဲဖန်တီးချုပ်လုပ်ခဲ့တာပါ။

စူပါဟီးရိုး Thor ဝတ်စုံနဲ့ ခါအီအာ

ခါအီအာရဲ့အင်စတာဂရမ်အကောင့်က Kaia Rae Designs ဆိုတဲ့နာမည်နဲ့ပါ။ လက်ရှိမှာတော့ သူ့အမေက သူ့ရဲ့အကောင့်ကို ကိုင်ပေးထားပါတယ်။ သူ့ရဲ့ဝတ်စုံဒီဇိုင်းတွေကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သွားကြည့်လို့ရပါတယ်။

Ref: Upworthy “This talented 9-year-old has a closet full of outfits she has sewn herself”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top