MPT သုံးစွဲသူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သည့် ဒီဂျစ်တယ် အကြောင်းအရာများနှင့် လူမှုကွန်ရက်ပလက်ဖောင်းများကို သက်သာသည့်နှုန်းထားနှင့် အဆင်ပြေလွယ်ကူစွာ စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ရန်အတွက် “အကြိုက်ကြည့်” ဒေတာပက်ကေ့ချ်အသစ်ကို ယနေ့ မိတ်ဆက် လိုက်ပြီ ဖြစ်ပါသည်။
လူမှုကွန်ရက်ပလက်ဖောင်းများနှင့် ဆက်သွယ်ချိတ်ဆက်မှုများကို ပို၍များပြားစွာ အသုံးပြုလာကြသည်နှင့်အညီ သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် “အကြိုက်ကြည့်” ဒေတာပက်ကေ့ချ်ကို မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး မိမိတို့၏ ဒီဂျစ်တယ်လူမှုဘဝနှင့် အကိုက်ညီဆုံးဖြစ်မည့် ဒေတာပက်ကေ့ချ်များကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ “အကြိုက်ကြည့်” ဒေတာပက်ကေ့ချ် ၏ နှုန်းထားများမှာ ၂၉၈ ကျပ်မှ ၁,၉၉၈ ကျပ်အထိ ရှိပြီး သုံးစွဲသူများသည် TikTok၊ YouTube နှင့် Telegram အစရှိသည့် လူမှုကွန်ရက် ပလက်ဖောင်းများကို သီးသန့်အသုံးပြုနိုင်သော ဒေတာပက်ကေ့ချ်များနှင့် ကြိုက်နှစ်သက်ရာသုံးနိုင်မည့် (Combo) ဒေတာပက်ကေ့ချ်များကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။
“အကြိုက်ကြည့်” ဒေတာပက်ကေ့ချ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းတွင် ဝယ်ယူရရှိနိုင်ပါသည်။ အဆိုပါပက်ကေ့ချ်အသစ်တွင် ပုံမှန်နှင့် အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ဟူ၍ ရွေးချယ်စရာ ပုံစံ နှစ်မျိုးစလုံး ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဝယ်ယူ သုံးစွဲနိုင်မည် ဖြစ်ပါသည်။
“အကြိုက်ကြည့်” ဒေတာပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “ MPT အနေနဲ့ ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ လူနေမှုဘဝ ပိုမိုကောင်းမွန်စေဖို့ ဆန်းသစ်ပြီး ဈေးနှုန်းသက်သာတဲ့ ဒီဂျစ်တယ် ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ပေးအပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သုံးစွဲသူတွေအနေနဲ့ မိမိတို့ နှစ်သက်တဲ့ အကြောင်းအရာတွေကို ကြည့်ရှုခံစားနိုင်ဖို့၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အမြဲမပြတ် ဆက်သွယ်နိုင်စေဖို့ နဲ့အဆင်ပြေချောမွေ့တဲ့ အွန်လိုင်းအတွေ့အကြုံတွေကို မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်မယ့် “အကြိုက်ကြည့်” ဒေတာပက်ကေ့ချ်အသစ်ကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒီပက်ကေ့ချ်အသစ်ဟာ ဖျော်ဖြေရေး၊ လေ့လာသင်ယူမှု (ဒါမှမဟုတ်) ဆက်သွယ်ချိတ်ဆက်မှုစတဲ့ ဘယ်အရာအတွက်ပဲ ဖြစ်ဖြစ် နိုင်ငံတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေရဲ့ တိုးတက် ပြောင်းလဲလာတဲ့ ဒီဂျစ်တယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူး တင်ရှိပါသည်။ စစ်မှန်သည့်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများ၏ ဒီဂျစ်တယ်အတွေ့အကြုံနှင့် နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။
MPT ၏ “အကြိုက်ကြည့်” ဒေတာပက်ကေ့ချ်နှင့် အခြားသော အထူးပရိုမိုးရှင်းအစီအစဉ်များ၊ MPT ၏ ဝန်ဆောင်မှု များနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည့် အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
NZ (ရိုးရာလေး)

