အရပ်အမောင်းကြောင့် လူပြောများနေတဲ့ မင်းသား ဟွမ်ရှောင်မင်း နဲ့ မင်းသမီးအန်ဂျလာဘေဘီတို့ရဲ့ သားဖြစ်သူ

abg.jpg

တရုတ်ထိပ်တန်းမင်းသမီးချော အန်ဂျလာဘေဘီကို သူ့ရဲ့ ၉ နှစ်သားလေး ရှောင်ဟိုင်မင်းနဲ့ Hong Kong Disneyland မှာ တွေ့ရှိခဲ့ပြီးနောက် သတင်းမီဒီယာတွေမှာ ပါလာခဲ့ပါတယ်။ လမ်းသွားလမ်းလာတွေ မျှဝေထားခဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်ပေါ်မှာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားခဲ့ပြီး ကလေးလေး တော်တော်ကြီးလာတာကြောင့် တအံ့တဩဖြစ်ခဲ့ကြပါတယ်။

အန်ဂျလာဘေဘီက ဘော်ဒီဂတ်တွေ၊ လက်ထောက်တွေမပါဘဲ အပန်းဖြေဥယျာဉ်ကို သွားရောက်လည်ပတ်ခဲ့တာပါ။ တစ်နေ့လုံး သူ့သားကို ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ပေးနေခဲ့ပြီး သူ့သား ကစားချင်တာတွေကိုလည်း ပျော်ရွှင်စွာခံစားစေခဲ့တယ်လို့ သိရပါတယ်။

၉ နှစ်သားလေးက အန်ဂျလာဘေဘီနဲ့ သူ့အဖေ ဟွမ်ရှောင်မင်း (သိမ်းငှက်သူရဲကောင်းဇာတ်ကောင်မင်းသား) တို့ရဲ့ကြည်ကောင်းတဲ့ရုပ်ရည်ကို အမွေရတယ်လို့ ပြောကြပါတယ်။ ရုပ်ရည်ကြည့်ကောင်းတဲ့အပြင် သူ့အရပ်အမောင်းကလည်း လူအများကို ဆွဲဆောင်ထားပါတယ်။ အသက်ငယ်သေးပေမဲ့ စတိုင်ကျကျ ဝတ်ဆင်ထားပါတယ်။

သားဖြစ်သူကို ၂၀၁၇ ခုနှစ် မှာမွေးဖွားခဲ့ပြီး လူမြင်ကွင်းမှာ ထုတ်ပြတာရှားပါတယ်။ သားဖြစ်သူရဲ့မျက်နှာကို အုပ်ထားပြီး လူမှုကွန်ယက်ပေါ်မှာ တင်ပါတယ်။ သူတို့နဲ့ တွေ့တဲ့ပရိသတ်တွေဆိုရင်လည်း ကလေးရဲ့မျက်နှာကို ဝါးထားပြီးမှာ တင်ရပါတယ်။ အခုလည်း သားလေးရဲ့မျက်နှာကို အုပ်ထားရပါတယ်။ ဒါကြောင့် မျက်နှာကိုတော့ မြင်ရမှာမဟုတ်ပါဘူး။

အန်ဂျလာဘေဘီနဲ့ ဟွမ်ရှောင်မင်းတို့က ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းတွေနှစ်တော်တော်ကြာထွက်ရှိခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တရားဝင်ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းပြီးနောက် အစပိုင်းမှာ သားဖြစ်သူက ဟွမ်ရှောင်မင်းရဲ့မိသားစုနဲ့အတူနေခဲ့ပေမဲ့ လက်ရှိမှာတော့ အန်ဂျလာက ကလေးကို ပြုစုပျိုးထောင်ပေးနေပါတယ်။ ဟွမ်ရှောင်မင်းနဲ့ သူ့မိသားစုကတော့ ပုံမှန် လာတွေ့လေ့ရှိပါတယ်။

Ref: Angelababy’s 9-Year-Old Son Goes Viral for His Height and Stylish Look During Rare Disneyland Outing

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top