OPPO ဖုန်းများဖြစ်ကြတဲ့ A77s၊ A77၊ A17၊ A17k တို့ကို ဈေးနှုန်းအသစ်ဖြင့် ဝယ်ယူရင်း “သန်းဆုကံထူးရှင်” ဖြစ်နိုင်မဲ့ အထူးအစီအစဉ်

15.6.2023-yyl-2.jpg

မြန်မာနိုင်ငံဈေးကွက်အတွင်းရှိ OPPO ဖုန်းများဖြစ်ကြတဲ့ A77s၊ A77၊ A17၊ A17k ဖုန်းတွေထဲက မိမိကြိုက်နှစ်သက်ရာ ဖုန်းတစ်လုံးလုံးကို ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း ဝယ်ယူပါက သန်းဆုကံထူးရှင် ဖြစ်နိုင်သလို လျှော့ဈေး ဈေးနှုန်းအသစ်နဲ့လဲ ရရှိမှာဖြစ်တယ်။

အဆိုပါ အစီအစဉ်ကို OPPO Myanmar Facebook Page ကနေ ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ A77s၊ A77၊ A17၊ A17k ဖုန်းတစ်လုံးလုံးကို ဝယ်ယူတဲ့ Customer တွေထဲက ကံထူးရှင်နှစ်ယောက်ကို ‌ ဆုငွေ တစ်သန်းစီ ရွေးချယ်ပေးအပ်သွားမှာပါ။

ပထမရက်သတ္တပတ်အနေဖြင့် ဇွန်လ ၁၅ ရက်ကနေ ၂၂ ရက်နေ့ထိ၊ ဒုတိယရက်သတ္တပတ်အနေဖြင့် ဇွန်လ ၂၃ ရက်ကနေ ၃၀ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး ဆုငွေ တစ်သန်းကို တစ်ပတ်ကို တစ်ယောက်နှုန်းနဲ့ စုစုပေါင်း ဆုငွေ နှစ်သန်း ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်ကာလတွေအတွင်း အဆိုပါ ဖုန်းလေးမျိုးထဲက ဖုန်းတစ်လုံးလုံးကို ဝယ်ယူခဲ့တဲ့ Customer တွေအနေဖြင့် မိမိတို့ ဖုန်းဝယ်ယူခဲ့တဲ့ ရက်သတ္တပတ်ပေါ် မူတည်ပြီး OPPO Myanmar Facebook Page ရှိ သက်ဆိုင်ရာ အပတ်စဉ်တွင်သာ ပါဝင်ကံထူးနိုင်မှာဖြစ်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုပါက သန်းဆုကံထူးရှင် ဖြစ်နိုင်ရုံသာမက လျော့ဈေး ဈေးနှုန်းအသစ်ဖြင့် OPPO A77s ကို ၆၆၉,၉၀၀ ကျပ်၊ OPPO A77 ကို ၅၆၉,၉၀၀ ကျပ်၊ OPPO A17 ကို ၄၀၉,၉၀၀ ကျပ်၊ OPPO A17k ကို ၃၁၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာပါ။ ထို့အပြင် သတ်မှတ်ကာလအတွင်း OPPO A77 ကို ဝယ်ယူမယ်ဆိုပါက အိတ်ဆောင်ပန်ကာနဲ့ OPPO A77s ကို ဝယ်ယူမယ်ဆိုပါက ဘေးတစောင်းလွယ်အိတ်ကို OPPO ကနေ လက်ဆောင်အဖြစ် ထပ်ဆောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။

OPPO A77s
OPPO A77s ကို ပေါပါးတဲ့ 2D Slim Design နဲ့ လေးထောင့်ဆန်တဲ့ ဘေးထောင့်တွေနဲ့ ခေတ်မီစွာ ဖန်တီးပြုလုပ်ထားပြီး Sunset Orange အရောင်နဲ့ Starry Black အရောင် ဆိုပြီး ထုတ်လုပ်ထားပါတယ်။ Processor အနေနဲ့ Qualcomm Snapdragon 680 (6nm) ထည့်သွင်းထားပြီး Memory Storage အနေနဲ့ RAM 8 GB နဲ့ ROM 128 GB တို့ ပါဝင်တဲ့အပြင် 8GB အထိ ထပ်မံ တိုးချဲ့လို့ရတဲ့ RAM Extension လုပ်ဆောင်ချက်လဲ ပါဝင်ပါတယ်။

OPPO A77
OPPO A77 ဟာ Sunset Orange နဲ့ Sky Blue ဆိုပြီး အရောင် နှစ်ရောင်နဲ့ ထွက်ရှိထား အလွန်ပါးလွှာတဲ့ လေးထောင့်ကျသော ဘေးဘောင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ Processor အနေနဲ့ MediaTek Helio G35 (12nm) Processor ကို ထည့်သွင်း ပေးထားပြီး RAM 4GB ကို +4GB RAM Expansion ထောက်ပံ့ပေးထားတာကြောင့် အများဆုံး 8G RAM ကို ရရှိစေမှာဖြစ်ကာ 128GB ROM ပါရှိပါတယ်။

OPPO A77 နဲ့ OPPO A77s ဖုန်းတွေမှာ ပိုမိုအသုံးခံတဲ့ ကြီးမားတဲ့ ဘက်ထရီ 5000 mAh ပါဝင်ပြီး အမြန်အားသွင်းစနစ် 33W SUPERVOOC ပါဝင်ပါတယ်။ OPPO A77 နဲ့ OPPO A77s တွေမှာ Ultra–Linear Stereo Speaker ပါဝင်လာတဲ့အတွက် အသံအရည်အသွေးကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပြီး Ultra Volume Mode ဟာ Mono Speaker ထက် အသံ ၃ ဆ ပိုမို ကျယ်စေပါတယ်။ OPPO A77 နဲ့ OPPO A77s ဖုန်းတွေမှာဆိုရင် ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းတွေ ရရှိနိုင်စေဖို့အတွက် Android 12 ကို အခြေခံထားသည့် ColorOS 12.1 ကို အသုံးပြုထားပါတယ်။

OPPO A17
OPPO A17 ကို Lake Blue နဲ့ Midnight Black အရောင် နှစ်ရောင် ထုတ်လုပ်ထားပြီး ထူးခြားတဲ့ ဒီဇိုင်းတစ်ခုအနေနဲ့ ဖုန်းအနောက်မျက်နှာပြင်ကို Premium Leather-Feel Design ပုံစံ ဖန်တီးပြုလုပ်ထားပါတယ်။ OPPO A17 မှာ ကောင်းမွန်ပြီး အသေးစိတ်ကျတဲ့ ပုံရိပ်တွေ ရိုက်ကူးစေနိုင်ဖို့အတွက် AI ပါဝင်တဲ့ 50 MP Rear Camera ကို တပ်ဆင်ထားပြီး 5MP Selfie Camera နဲ့ Selfie ပုံတွေကို သဘာဝအတိုင်း ပုံထွက်ကြည်လင်စေမှာဖြစ်ပါတယ်။ Processor အနေနဲ့ MTK G35 ထည့်သွင်းထားပြီး Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 အသုံးပြုထားပါတယ်။ Storage အနေနဲ့ 64GB ROM နဲ့ 4GB RAM တို့ပါဝင်ပြီး RAM 4GB အထိ တိုးချဲ့နိုင်တဲ့ Extended RAM လုပ်ဆောင်ချက်လဲ ထည့်သွင်းထားပါတယ်။

OPPO A17k
OPPO A17k ဟာ Blue နဲ့ Navy Blue ဆိုပြီး အရောင်နှစ်ရောင် ထွက်ရှိထားပြီး Flat-edged ဒီဇိုင်းဖြင့် ပြုလုပ်ထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ် 6.56” ရှိပြီး အလေးချိန် 189g သာ ရှိပြီး ဖုန်းအထူ 8.3 mm သာ ရှိကာ Side Fingerprint Unlock စနစ်ကို ထည့်သွင်းပေးထားပါတယ်။ Processor အနေနဲ့ MTK G35 ထည့်သွင်းထားပြီး Memory Storage အနေနဲ့ 3GB RAM နှင့် 64GB ROM တို့ပါဝင်တဲ့အပြင် RAM 4GB အထိ တိုးချဲ့နိုင်တဲ့ Extended RAM လုပ်ဆောင်ချက်လဲ ပါဝင်ပါတယ်။ OPPO A17နဲ့ OPPO A17k ဖုန်းတွေမှာ 5000mAH ဘက်ထရီပါဝင်လာပြီး 10 W Charging လဲ ပါဝင်ပါတယ်။

အထူးအစီအစဉ်တွေကို OPPO Myanmar Facebook Page မှာ ပြုလုပ်သွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို OPPO Myanmar မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top