ဗင်နီဇွဲလားငလျင်မှာ အပျက်အစီးတွေကြားကနေ သားအဖနှစ်ဦးနဲ့ သားအမိနှစ်ဦးကို ကယ်တင်နိုင်ခဲ့

dd.webp

ဗင်နီဇွဲလားငလျင် လှုပ်ခတ်မှုအပြီး အပျက်အစီးကြားမှာ ၄ ရက်ကြာ ပိတ်မိနေတဲ့ သားအဖနှစ်ဦးနဲ့ သားအမိနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

ငလျင်ဗဟိုချက်ဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းတလျှောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင် ကျန်ရစ်သူ မရှိနိုင်လောက်တော့ဘူးလို့ ယူဆရတဲ့ အပျက်အစီးတွေကြားကနေ အမျိုးသားတစ်ဦးကို စတင်ကယ်ဆယ်နိုင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ရဲ့သားကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် အပျက်အစီးတွေအောက် အလွန်နက်တဲ့နေရာမှာ ပိတ်မိနေတဲ့ မိခင်နဲ့ ၉လအရွယ် ကလေးငယ်ဟာလည်း ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ခြင်းမရှိဘဲ ကယ်ဆယ်ရေးသမားတွေက သူတို့ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်က ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ နဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် ၂ ကြိမ် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၉၀၀ ကျော် ရှိနေပြီး အပျက်အစီးတွေကြားကနေ ကယ်တင်နိုင်ခဲ့သူ ၅၃၀၀ ကျော် ရှိတယ်လို့ ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ထားပါတယ်။

Ref: Virginia Rescue Team Pulls Father, Son, Mother, and Baby to Safety After Venezuela Quake

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top