MPT သည် နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစေရေးနှင့် ဟန်ချက်ညီသော လုပ်ငန်းခွင်ဓလေ့ကို မြှင့်တင်ရန် ရည်ရွယ်၍ ၎င်း၏ ဆဋ္ဌမအကြိမ်မြောက် “TeamFit: Unite & Move” ယောဂကျန်းမာရေးလှုပ်ရှားမှုကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို လူကိုယ်တိုင် ပါဝင်လှုပ်ရှားမှုနှင့် ဒီဂျစ်တယ် တိုက်ရိုက်ထုတ်လွှင့်မှု (Live Stream) ပလက်ဖောင်း နှစ်မျိုးစလုံးမှတစ်ဆင့် ပြုလုပ်ခဲ့ရာ နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်း (၃၀၀) နီးပါး ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ယနေ့အထိ နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းပေါင်း ၂,၀၀၀ နီးပါးသည် ဤယောဂကျန်းမာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယခင်ကဆောင်ရွက်ခဲ့သည့် ယောဂလှုပ်ရှားမှု (၆) ကြိမ်အတွင်း ဝန်ထမ်းများ၏ စိတ်အား ထက်သန်မှု နှင့် တက်ကြွစွာ ပါဝင်မှုများကြောင့် MPT အနေဖြင့် ယခုလှုပ်ရှားမှုကို လစဉ် ဆက်လက်ကျင်းပသွားမည်လည်း ဖြစ်ပါသည်။
MPT နှင့် Ashtanga Yoga Shala YGN သင်တန်းမှ ယောဂနည်းပြဆရာမဖြစ်သူ ဒေါ်ဝတ်ရည်မိုးတို့ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများအရ MPT ဝန်ထမ်းများအားလုံး၏ လုပ်ငန်းချိန်ပြင်ပ ကျန်းမာရေး အလေ့အထကောင်းများကို ပံ့ပိုးဆောင်ရွက်ပေးသည့်အနေဖြင့် Ashtanga Yoga Shala YGN ရှိ မည်သည့်သင်တန်းတွင်မဆို (၁၀) ရာခိုင်နှုန်း သီးသန့်လျှော့စျေး (Exclusive 10% Discount) ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော MPT ၏ “TeamFit: Unite & Move” အစီအစဉ်သည် ယောဂ၊ Zumba နှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများအားလုံး ပါဝင်လာစေရန် ရည်ရွယ်၍ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သည့် လုပ်ငန်းခွင်အတွင်း ကျန်းမာရေး လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်။ ဤလှုပ်ရှားမှုသည် ကျန်းမာသော အလုပ်နှင့် လူမှုဘဝ ဟန်ချက်ညီမှုကို ဖြစ်ထွန်းစေပြီး အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေသည့်အပြင် လုပ်ငန်းတစ်ခုလုံးနှင့် ပြည်သူလူထုကြားတွင် ကျန်းမာရေးကိုလိုက်စားသည့် အလေ့အထကောင်း များကို ဖြစ်ပေါ်စေပါသည်။

ရှေ့ဆက်၍လည်း MPT အနေဖြင့် ဝန်ထမ်းများအားလုံးပါဝင်နိုင်သော ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးနှင့် အသင်းအဖွဲ့ ညီညွတ်မှုကို မြှင့်တင်ပေးမည့် အလားတူလှုပ်ရှားမှုများကို မကြာမီ ကာလများအတွင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ MPT ၏အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်လေ့လာ နိုင်သည့်အပြင် MPT 4U အက်ပလီကေးရှင်း၊ Viber နှင့် တရားဝင် ဝက်ဘ်စာမျက်နှာများရှိ MPT ၏ Chatbot ဝန်ဆောင်မှုများတွင် တိုက်ရိုက်မေးမြန်းနိုင်ပါသည်။ သို့မဟုတ် Call Center ဖုန်းနံပါတ် 106 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
NZ (ရိုးရာလေး)

