လျှောက်လမ်းပေါ်မှာ လူသားမော်ဒယ်တွေနဲ့အတူ မော်ဒယ်ရှိုးလျှောက်ခဲ့တဲ့ လူသားပုံစံစက်ရုပ်

ai.jpg

တရုတ်စက်ရုပ်ကုမ္ပဏီ UBTECH က ကမ္ဘာ့ပထမဆုံးအရွယ်အစားကြီးတဲ့လူသားပုံစံစက်ရုပ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ မကြာသေးခင်ကမှ ရှန်ကျန်းမှာ ကျင်းပခဲ့တဲ့ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာမိတ်ဆက်ပွဲမှာ လူသားမော်ဒယ်တွေနဲ့အတူ လူသားပုံစံစက်ရုပ်တွေက လျှောက်လမ်းထက်မှာ နေရာယူခဲ့ကြပါတယ်။

အဲ့ဒီစက်ရုပ်တွေမှာ တကယ်လက်တွေ့ကျတဲ့ မျက်နှာအမူအရာ၊ လူသားပုံစံလှုပ်ရှားမှုနဲ့ လူသားအသားရေလိုခံစားမိစေအောင် ဒီဇိုင်းလုပ်ထားတဲ့ ဆီလီကွန်အရေပြားတွေ ပါဝင်ပါတယ်။ စက်ရုပ်တွေက အမျိုးသားနဲ့ အမျိုးသမီးဗာရှင်း ၂ မျိုးနဲ့လည်းလာပြီး မျက်နှာ၊ ဆံပင်၊ မိတ်ကပ်တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။

စင်မြင့်ထက်မှာ မော်ဒယ်လို ရှိုးလျှောက်ခဲ့ပေမဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်မိတ်ဆက်ပွဲ၊ ပြပွဲ၊ ပြတိုက်၊ ဟိုတယ်နဲ့ ခရီးသွားဆွဲဆောင်မှုတွေလို စီးပွားဖြစ်အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ သူတို့တွေက လာလည်တဲ့သူတွေကို ကြိုဆိုနှုတ်ဆက်ပြီး အပြန်အလှန်ဆက်ဆံတတ်ပါတယ်။ ဒီစက်ရုပ်တွေက သေချာပေါက် ဈေးမချိုပါဘူး။ စင်ပေါ်မှာ လမ်းလျှောက်နိုင်တဲ့၊ ကနိုင်တဲ့၊ ဖျော်ဖြေတင်ဆက်နိုင်တဲ့ စက်ရုပ်မော်ဒယ်က စင်ကာပူဒေါ်လာ ၁၇၉၀၀၀ အထိရှိပါတယ်။

ကုမ္ပဏီက ဒီစက်ရုပ်တွေအတွက် အော်ဒါအမှာ ၁၃၀၀၀ ကျော်လက်ခံရရှိပြီးသွားပါပြီ။ အော်ဒါအမှာတွေကို စက်တင်ဘာလမှာ ပို့ပေးဖို့ မျှော်လင့်ရပါတယ်။

Ref: China’s “Ultra-Realistic” Humanoid Robots On The Runway But Internet Says They Look More Like Zombies

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top