အသက် ၆၄ နှစ်အရွယ်ဟောင်ကောင်ရုပ်ရှင်ဒါရိုက်တာမင်းသားကြီး စတီဖင်ချောင် ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ “Kung Fu Soccer” ရုပ်ရှင်ကားဟာ ပရိသတ်ရှေ့မှောက်ရောက်ရှိလာပါပြီ။ စင်ကာပူနိုင်ငံမှာတော့ ဩဂုတ်လ ၆ ရက်နေ့ ရုံတင်ပြသမှာဖြစ်ပါတယ်။
လူမှုကွန်ယက်ပေါ်မှာ ၂၁ စက္ကန့်စာ trailer လည်းထွက်ရှိလို့နေပါတယ်။ စတီဖင်ချောင် ရဲ့၂၀၀၁ ခုနှစ်ထွက် “Shaolin Soccer” နဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ကားသစ်က ချန်ပီယံဆုရရှိဖို့ အမျိုးသမီးဘောလုံးအသစ်တစ်သင်း ပြန်လည်ဖွဲ့စည်းလာတဲ့အကြောင်းဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ် မပါဝင်ဘဲ ဒါရိုက်တာလုပ်ခဲ့တဲ့နောက်ဆုံးရုပ်ရှင်ကားက “The New King of Comedy (2019)” ဖြစ်ပြီး အဲ့ဒီရုပ်ရှင်ကားထွက်ရှိပြီး ၇ နှစ်အကြာမှာ ဒီဇာတ်ကားသစ်ရုံတင်မှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် မင်းသမီး ကျန်ရှောင်ဖေး၊ ရက်ပါအဆိုတော်မင်းသား Lay Zhang နဲ့ မင်းသမီး Dilraba Dilmurat တို့ ပါဝင်မှာဖြစ်ပါတယ်။ အထူးသရုပ်ဆောင်တွေအနေနဲ့ ဟောင်ကောင်မင်းသမီး Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ အခြားအမေရိကန်သရုပ်ဆောင်တွေအပြင် တောင်ကိုရီးယားမင်းသား ဆုန်ကန်ဟိုကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။
Ref: Stephen Chow, 64, back with ‘Kung Fu Soccer’ movie, out in S’pore on Aug. 6, 2026
WL (ရိုးရာလေး)

