အမှိုက်ပုံကြီးဘေးကနေ ကမ္ဘာကျော်ခဲ့တဲ့ သံစုံတီးဝိုင်း

muss.jpg

” ကမ္ဘာကြီးက ငါတို့ကို အမှိုက်တွေပဲ ပေးတယ်၊ ဒါပေမဲ့ ငါတို့က ကမ္ဘာကြီးကို ဂီတသံစဉ်တွေ ပြန်ပေးတယ်” ……….ဒီစကားကို ပြောခဲ့သူကတော့ အာဂျင်တီးနားဂီတပညာရှင် ဖေဗီယိုချာဗက်ဇ်ပါပဲ။

သူဟာ ပါရာဂွေးနိုင်ငံ အဆန်စီယွန်မြို့က ကက်တူရာရွာငယ်လေးမှ ချို့တဲ့နွမ်းပါးတဲ့ ကလေးတွေကို ဂီတပညာသင်ကြားပေးခဲ့သူပါ။ အမှိုက်ပုံကြီးနားက ကက်တူရာရွာငယ်လေးမှာ နေထိုင်သူတွေဟာ ဆင်းရဲလွန်းတာကြောင့် တူရိယာပစ္စည်းတွေ မဝယ်နိုင်ကြပါဘူး။ အဲဒီအခြေအနေကို သတိထားမိသွားတဲ့ ဖေဗီယိုချာဗက်ဇ်က အမှိုက်ပုံက သံတိုသံစတွေ၊ ပုံးခွံတွေ၊ ပိုက်တွေကို အသုံးပြုပြီး တူရိယာပစ္စည်းတွေ ဖန်တီးပေးခဲ့တာပါ။

အဲဒီကလေးတွေရဲ့ တီးဝိုင်းကို “The Recycled Orchestra” (အမှိုက်ပြန်လည်အသုံးချတီးဝိုင်း) လို့ ခေါ်ဆိုကြပြီး ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ စတီဗီဝမ်းဒါး၊ ဟဲဗီးမက်တယ်တီးဝိုင်းတွေဖြစ်တဲ့ Metallica ၊ Megadeth တို့နဲ့ပါ ပူးပေါင်းဖျော်ဖြေခွင့် ရရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Ref: Recycled Orchestra of Cateura

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top