ဂေရှားမယ်တစ်ဦးရဲ့မှတ်တမ်းများ ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့မင်းသမီး ဆူဇူကာ အိုဂိုရဲ့ အရင်ကပုံစံနဲ့ လက်ရှိပုံစံ

change.jpg

ဂျပန်မင်းသမီး ဆူဇူကာ အိုဂိုဟာ ဂေရှားမယ်တစ်ဦးရဲ့မှတ်တမ်းများ ဇာတ်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် မမေ့နိုင်စရာသရုပ်ဆောင်မှုနဲ့ အာရှတစ်ဝှမ်းက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ဖူးပါတယ်။ သူ့ရဲ့အလှတရားနဲ့ ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေကြောင့် ကျော်ကြားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ရဲ့ချစ်စရာအကောင်းဆုံးကလေးသရုပ်ဆောင်တွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဆူဇူကာက ၂၀၀၅ ခုနှစ်ရဲ့ ဂေရှားမယ်တစ်ဦးရဲ့ မှတ်တမ်းများ (Memoirs of a Geisha) မှာ ငယ်ရွယ်တဲ့ကလေးမလေး ချီယိုဆာကာမိုတိုအဖြစ် သရုပ်ဆောင်ပြီးနောက် နာမည်ရလာခဲ့ပါတယ်။ အဲ့ဒီဇာတ်ကောင်က အသက်ကြီးလာတော့ တရုတ်မင်းသမီး ကျန်ဇီယီသရုပ်ဆောင်တဲ့ ဆာယူရီ နစ်တာဆိုသူဖြစ်လာခဲ့ပါတယ်။ ဆူဇူကာက ဂေရှားအိမ်ဆီ အရောင်းခံခဲ့ရပေမဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ ကလေးမလေး ချီယိုအဖြစ် သရုပ်ဖော်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက ဆူဇူကာဟာ အသက် ၁၂ နှစ်ပဲရှိသေးပြီး သူ့ရဲ့မျက်နှာလေးနဲ့ မီးခိုရောင်မျက်လုံးတွေကြောင့် လူသိများလာခဲ့ပါတယ်။ ဇာတ်ကားအတွက် မီးခိုရောင်မျက်ကပ်မှန်အသုံးပြုခဲ့တာဖြစ်ပေမဲ့ သဘာဝမျက်လုံးလေးအတိုင်းလိုပဲ ဇာတ်ကားထဲမှာ အကြည့်တွေက အသက်ဝင်စေခဲ့ပါတဘ်။

ဆယ်စုနှစ် ၂ ခုကျော်အကြာမှာတော့ မင်းသမီး ဆူဇူကာ အိုဂိုဟာ လူမှုကွန်ယက်ပေါ်မှာ လူပြောများစရာဖြစ်လာခဲ့ပါတယ်။ ကလေးဘဝတုန်းကနဲ့မတူဘဲ လက်ရှိအချိန်မှာ ရုပ်တော်တော်ပြောင်းလဲသွားခဲ့တာကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက အံ့အားသင့်ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တုန်းက ဆူဇူကာနဲ့ မတူတော့အောင် ရုပ်ကအတော်လေးပြောင်းလဲသွားခဲ့တာပါ။ တချို့ပရိသတ်တွေက ဂေရှားမယ်တစ်ဦးရဲ့မှတ်တမ်းများဇာတ်ကားမှာ ပရိသတ်တွေကို ဆွဲဆောင်ခဲ့တဲ့ မင်းသမီးလို့တောင် မမှတ်မိဘူးလို့ ဆိုပါတယ်။

ဆူဇူကာက လက်ရှိအချိန်အထိ သရုပ်ဆောင်အလုပ်ကို လုပ်နေတုန်းပါပဲ။ ၂၀၂၄ ခုနှစ်မှာ The Women in the Lakes နဲ့ Ghosts Dream Selfish Dreams ဇာတ်ကားတွေမှာ ပါဝင်ခဲ့သလို ၂၀၂၅ ခုနှစ်က Bullet Train Explosion ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုနှစ်ထဲမှာတော့ Tsuki no Inu ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိနေပါတယ်။

Ref: Suzuka Ohgo Transformation: Memoirs of a Geisha Child Star Then and Now

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top