ပရိသတ်တွေရဲ့နှလုံးသားကို ဘယ်သူတွေ သိမ်းပိုက်ခဲ့လဲ။ မြန်မာနိုင်ငံမှ Viber အသုံးပြုသူများ Follow လုပ်မှု အများဆုံး ထိပ်တန်း နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း ၁၀ သင်း

chap.webp

မြန်မာနိုင်ငံရှိ ဘောလုံးဝါသနာရှင်များသည် ယခုနွေရာသီ၏ အဓိက ဘောလုံးပွဲစဉ်ကြီးကို Rakuten Viber ပေါ်တွင် အနီးကပ် စောင့်ကြည့်အားပေးခဲ့ကြသည်။ Viber အက်ပလီကေးရှင်းအတွင်းရှိ သီးသန့် ဘောလုံးကဏ္ဍ (football experience) ကြောင့် အသုံးပြုသူများသည် မိမိတို့ ကြိုက်နှစ်သက်သည့် နိုင်ငံလက်ရွေးစင်အသင်းများကို စိတ်ကြိုက်ရွေးချယ်နိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံးတွင် ၎င်းတို့ရွေးချယ်ထားသော အသင်းများ၏ နောက်ဆုံးရ ပွဲစဉ်သတင်းများ၊ တိုက်ရိုက်ရလဒ်များနှင့် အဓိက ပွဲစဉ်အချက်အလက်များကို အချိန်နှင့် တပြေးညီ ရရှိနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများအကြား Follow လုပ်မှု အများဆုံး ထိပ်တန်း နိုင်ငံလက်ရွေးစင် ၁၀ သင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁. ပေါ်တူဂီ – ၁၅.၈၆ %
၂. အာဂျင်တီးနား – ၁၄.၀၂ %
၃. ဘရာဇီး – ၁၃.၂၈ %
၄. အင်္ဂလန် – ၁၀.၅၈ %
၅. ပြင်သစ် – ၁၀.၀၆ %
၆. စပိန် – ၈.၃၀ %
၇. ဂျာမနီ – ၈.၀၀ %
၈. ဂျပန် – ၆.၉၇ %
၉. ယူအက်စ်အေ (အမေရိကန်) – ၆.၅၀ %
၁၀. တောင်ကိုရီးယား – ၆.၄၂ %

အဆိုပါ သီးသန့် ဘောလုံးကဏ္ဍကို ဇွန်လနှင့် ဇူလိုင်လတစ်လျှောက်လုံးတွင် Viber ၏ မိုဘိုင်းဗားရှင်း၌ ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ ကြိုက်နှစ်သက်သည့် အသင်းများကို ရွေးချယ်ထားသော အသုံးပြုသူများသည် လာမည့် ပွဲစဉ်ဇယားများ၊ ပွဲကစားနေစဉ် တိုက်ရိုက်အခြေအနေများနှင့် နောက်ဆုံးရလဒ်များဆိုင်ရာ အသိပေးချက် (Notifications) များကို လက်ခံရရှိခဲ့ကြသည်။ ထို့အပြင် ပွဲစဉ်တိုင်းအတွက် Viber ထဲ၌ သီးသန့်စာမျက်နှာတစ်ခု ပါဝင်ပြီး ပွဲစဉ်နှင့်ပတ်သက်သည့် အဓိက အချက်အလက်များ ကိုလည်း ကြည့်ရှုနိုင်ခဲ့သည့်အတွက် ပရိသတ်များအနေဖြင့် ပွဲစဉ်အခြေအနေများကို စက္ကန့်မလပ် စောင့်ကြည့်အားပေးနိုင်ခဲ့ကြသည်။

ဤလုပ်ဆောင်ချက်ကို App ၏ နောက်ဆုံးထွက် Android နှင့် iPhone ဗားရှင်းများတွင် ရရှိနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ အသုံးပြုသူများအတွက် အရေးအပါဆုံးသော အခိုက်အတန့်များနှင့် အမြဲထိတွေ့ ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်သည့် Rakuten Viber ၏ အဓိပ္ပာယ်ရှိသော ဖန်တီးမှုများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top