မြေခွေးမကြီးကို လက်မတင်လေး ဗိုက်ခွဲမွေးပေးပြီး မြေခွေးပေါက်လေးကောင်ကို ကယ်တင်ပေးခဲ့သူ

60867153_453714982051914_8945969110047522816_n.jpg

အင်္ဂလန်နိုင်ငံတောင်ပိုင်း၊ ကောင်းဖိုးလ်ရွာကလေးရဲ့ကားလမ်းနံဘေးမှာ မြေခွေးမကြီးတစ်ကောင်ဟာ အသတ်ခံရပြီး သေဆုံးလို့နေပါတယ်။ ဒီလို ညဉ့်နက်သန်းခေါင်ယံအချိန်မှာ ကားမောင်းထွက်လာသူက အသက် (၂၄) နှစ် အရွယ် လူငယ်လယ်သမားလေး ခရစ္စရော့ဖ် (Chris rolfe) ပါ။

သူက လမ်းဘေးကမြေခွေးအလောင်းကိုတွေ့တာနဲ့ တစ်ပြိုင်နက်တည်း ကားကိုထိုးရပ်ပြီး မြေခွေးမကြီးဆီ အပြေးသွားခဲ့တဲ့အခါ သေဆုံးနေတဲ့ မြေခွေးမကြီးဟာ သားဖွားခါနီးဖြစ်တာကြောင့် ဝမ်းဗိုက်က တဆတ်ဆတ်လှုပ်ခါနေတာ မြင်တွေ့ခဲ့ရပါတယ်။

သူက ကားပေါ်မှာ အသင့်ပါလာတဲ့ ဓားတစ်ချောင်းကိုယူပြီး ညသန်းခေါင်ယံ အချိန်ကြီးမှာ မြေခွေးမအသေကြီးရဲ့ကလေးတွေကို သတ္တိရှိရှိပဲ ဗိုက်ခွဲမွေးပေးခဲ့ပါတယ်။ သူဟာ မြေခွေးပေါက်စလေး လေးကောင်ကို အန္တရာယ်ကင်းကင်း မွေးပေးနိုင်ခဲ့ပြီး အခုချိန်မှာတော့ မြေခွေးလေးတွေဟာ ကျန်းကျန်းမာမာနဲ့ပဲ ခုနစ်ပတ်သားအရွယ်ကို ရောက်ရှိလာခဲ့ပြိလို့ သိရပါတယ်။

လက်ရှိမှာတော့ သူဟာ Fox Project ဆိုတဲ့ အဖွဲ့အစည်းရဲ့အစီအစဉ်နဲ့ပူးပေါင်းပြီး မြေခွေးလေးကောင်ကို တောထဲပြန်လွှတ်ပေးနိုင်တဲ့အထိ ကြံ့ခိုင်သန်စွမ်းအောင် ပြုစုပျိူးထောင်မှုပေးဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ အကြင်နာတရားပြည့်ဝတဲ့ ခရစ္စကတော့ “မြေခွေးမကြီးနဲ့အတူ သူ့ကလေးတွေပါ သေဆုံးသွားရမှာမျိုးတော့ ကျွန်တော်ဘယ်အဖြစ်ခံနိုင်မလဲ။ မိနစ်ပိုင်းလေးကအစ အရေးကြီးနေတဲ့အချိန်မှာ ဘာမှစဉ်းစားမနေဘဲ မြေခွေးပေါက်လေးတွေကို အသက်ရှင်လျက်ရအောင် ဗိုက်ခွဲမွေးပေးခဲ့ပါတယ်။ ပြီးတော့ အမေ့ဆီကိုယူသွားလိုက်ပါတယ်။ မြေခွေးပေါက်လေးတွေကို အမေက သေသေချာချာသန့်ရှင်းရေးလုပ်ပေးပြီး ဂရုတစိုက်ပြုစုပေးခဲ့တာပါ” လို့ ပြောပြခဲ့ပါတယ်။

Ref: DailyMail ” Farmer saves the lives of four adorable fox cubs by performing an emergency C-section on their dead mother after she was hit by a car ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top