Mask ဝတ်ဖို့ငြင်းခဲ့တဲ့အမျိုးသမီးက Starbucksဝန်ထမ်းရဲ့ဘောက်ဆူးတစ်ဝက်ကို လိုချင်နေ

17-7-2020-yyl-004.jpg

Starbucks ဝန်ထမ်းကော်ဖီဖျော်ဆရာက ဖောက်သည်အမျိုးသမီးတစ်ဦးကို Mask ဝတ်ဖို့ တောင်းဆိုခဲ့လို့ နာမည်ကြီး သွားခဲ့ပြီး အင်တာနက်အသုံးပြုသူတွေဆီကနေ ဘောက်ဆူးရခဲ့တဲ့ သတင်းတစ်ပုဒ် ကို ရိုးရာလေးကနေ စာဖတ်ပရိသတ်တွေကို တင်ဆက်ပေးခဲ့ဖူးပါတယ်နော်။ မှတ်မိကြတယ်မလား။

ဒီသတင်း ရဲ့နောက်ဆက်တွဲအနေနဲ့ကတော့ GoFundMe ကနေ အင်တာနက်အသုံးပြုသူတွေ လှူဒါန်းပေးလို့ ကော်ဖီဖျော်ဆရာ လီနင် ဂူတီရာရက်ဇ် ရရှိခဲ့တဲ့ ဘောက်ဆူး ကန်ဒေါ်လာ ၁၀၀,၀၀၀ကျော်ရဲ့တစ်ဝက်ကို အရှက်ခွဲပြောဆိုခဲ့တဲ့ အဲဒီဖောက်သည်က လိုချင်နေတယ်ဆိုတာပါပဲ။

Mask ဝတ်ဖို့ ငြင်းဆန်ခဲ့တဲ့ ဖောက်သည် အန်ဘာ လင် ဂေးလ်လက်စ်က လီနင်ဓာတ်ပုံနဲ့အတူ “ကျွန်မ Mask မဝတ်သွားတဲ့အတွက် ကော်ဖီရောင်းဖို့ငြင်းဆိုခဲ့တဲ့ Starbucks ဆိုင်က လီနင်ကို တွေ့ဆုံမိခဲ့တယ်။ နောက်တစ်ခါ ကျွန်မ ရဲတွေရောက်လာတဲ့အထိစောင့်ပြီး ဆေးထောက်ခံစာ (ကျန်းမာရေးမကောင်းတဲ့သူများ Mask မတပ်ဘဲ နေခွင့်)ကို ယူလာမယ်”ဆိုတဲ့စာသားကို အခုလအစောပိုင်းက တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပို့စ်မှာ အပြစ်တင်ပြောဆိုတဲ့ကွန်မန့်တွေ များလာခဲ့တာကြောင့် ဖျက်ပစ်ခဲ့ရပါတယ်။ အခုတော့ အန်ဘာ လင် ဂေးလ်လက်စ်က လီနင် နာမည်ကြီးသွားပြီးတဲ့နောက်မှာ ရရှိခဲ့တဲ့ ပိုက်ဆံတစ်ဝက်ကို သူလိုချင်တယ်လို့ ပြောခဲ့ပါတယ်။ အန်ဘာက သူ တင်ခဲ့တဲ့ပို့စ်ကြောင့် လူအများက လီနင်ကို သိရှိသွားခဲ့ပြီး ဘောက်ဆူးချီးမြှင့်ခံရတာဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

“ဒါက ခွဲခြားဆက်ဆံတာပဲ။ လူတိုင်း ဒါနဲ့ အဆင်ပြေကြပြီး အဲဒီအပြုအမူကြောင့် ဆုလာဒ်ရရှိနေတယ်”လို့ အင်တာဗျူးတစ်ခုမှာ အန်ဘာက ပြောခဲ့ပါတယ်။ အန်ဘာက လီနင်ရဲ့ GoFundMe ပိုက်ဆံတစ်ဝက်ကို ဥပဒေအရ တောင်းဆိုသွားတော့မယ်လို့ ပြောပါတယ်။ သူက ရှေ့နေတွေကို ပြောထားပြီဖြစ်ပေမယ့် ရှေ့နေငှားခတွေက ဈေးကြီးတဲ့အတွက် ဝင်ငွေရလာဖို့အတွက် GoFundMe page ထောင်ဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

အန်ဘာက သူ့မှာ ပန်းနာရင်ကျပ်ရှိတဲ့အတွက် Mask ဝတ်ရင် အသက်ရှုရကျပ်တာ၊ မူးဝေတာ၊ နှလုံးခုန်မမှန်တာစတဲ့ လက္ခဏာရပ်တွေကြောင့် Mask မဝတ်ဖြစ်တာလို့ ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးနဲ့ Starbucks ဝန်ထမ်းက Mask ဝတ်ဖို့ပြောပေးမယ့် အန်ဘာက Mask ဝတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ CDC ကလည်း COVID-19 ပျံ့နှံ့မှုကို နှေးသွားစေဖို့အတွက် Social Distancing က ခက်ခဲတဲ့အခါ လူစုလူဝေးနေရာတွေမှာ မျက်နှာကို ဖုံးထားဖို့ လူတွေကို အကြံပြုထားပါတယ်။

Ref: CBSNews “Woman who refused to wear a mask in Starbucks now wants half of $100,000 donated to barista”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top