ထိပ်တန်းမော်ဒယ်ကနေ မင်းသမီးဖြစ်လာတဲ့ ဂျောင်ဟိုဂျွန်းက 2026 FIFA World Cup ဗိုလ်လုပွဲရဲ့စင်မြင့်ထက်မှာ အံ့အားသင့်ဖွယ်ပေါ်လာခဲ့ပါတယ်။ ဗိုလ်လုပွဲနေ့မှာ ပွဲမစတင်ခင် ဂျောင်ဟိုဂျွန်းက ကမ္ဘာကျော်စပိန်တင်းနစ်ကစားသမား Carlos Alcaraz နဲ့အတူ ကမ္ဘာ့ဖလားထည့်ထားတဲ့ Louis Vuitton အမှတ်တံဆိပ်က အထူးတီထွင်ထုတ်လုပ်ထားတဲ့ဖလားသယ်ဆောင်သေတ္တာကို ကွင်းအတွင်းဆီ သယ်ဆောင်လာခဲ့တာပါ။

ဂျောင်ဟိုဂျွန်းက Louis Vuitton ရဲ့ကမ္ဘာလုံးဆိုင်ရာ သံတမန်တစ်ဦးအနေနဲ့ ပွဲအခမ်းအနားမှာ ပါဝင်ခဲ့တာပါ။ ဒါဟာဆိုရင် ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ တရားဝင်ပွဲအခမ်းအနားမှာ ကိုရီးယားမင်းသမီးပါဝင်ခဲ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Halftime Show မှာ K-pop အဖွဲ့ BTS ဖျော်ဖြေမယ်ဆိုတာ ကြေညာခဲ့ပေမဲ့ ဂျောင်ဟိုဂျွန်းတက်ရောက်မှုကို တော့ ကြိုတင်ပြောထားခြင်းမရှိခဲ့ဘဲ လူအများရဲ့အာရုံကို ဆွဲဆောင်သွားခဲ့ပါတယ်။

ဂျောင်ဟိုဂျွန်းရဲ့ နောက်ဆုံးထွက် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် HOPE က ရုံတင်ပြီး ၅ ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်ခဲ့ပါတယ်။ ဒါဟာဆိုရင် အခုနှစ်မှာ အချိန်တိုတိုလေးနဲ့ ၂ သန်းကျော် မှတ်ကျောက်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
Ref: Jung Ho Yeon Becomes First Korean Actress To Participate In Official Event At FIFA World Cup Final
WL (ရိုးရာလေး)

