နည်းပညာမြင့် ပဲ့ထိန်းဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား အတည်ပြု

21-10-2021yyl01.jpg

နည်းပညာမြင့် ပဲ့ထိန်းဒုံးကျည်သစ်ကို ရေငုပ်သင်္ဘောကနေ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက အတည်ပြုခဲ့ပါတယ်။ အဆင့်မြင့် ပဲ့ထိန်းနည်းပညာတွေကြောင့် ဒီဒုံးကျည်ကို ခြေရာခံဖို့ ပိုခက်ခဲစေနိုင်တယ်လို့ KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အသံထက်မြန်တဲ့ ဒုံးကျည်နဲ့ တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်မှုအပါအဝင် လက်နက်စမ်းသပ်မှု အမြောက်အများ လုပ်ဆောင်ခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေဟာ ခရုဇ်ဒုံးကျည်တွေနဲ့စာရင် ပေါက်ကွဲအားပြင်းတဲ့ ထိပ်ဖူးတွေ ပိုမိုတပ်ဆင်နိုင်သလို အကွာအဝေးရော၊ အမြန်နှုန်းပါ ပိုသာလွန်တဲ့အတွက် ခြိမ်းခြောက်နိုင်စွမ်း ပိုများတဲ့လက်နက်လို့ သတ်မှတ်ထားပါတယ်။

အခုနောက်ဆုံး စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ အချက်ပြမှုကို ရှာဖွေနိုင်တဲ့ ပဲ့ထိန်းနည်းပညာသစ် အသုံးပြုထားပြီး ဘေးတိုက်ရွေ့လျားနိုင်စွမ်းရှိတယ်လို့ KCNA သတင်းဌာနက ရေးသားထားပြီး ဒုံးကျည်ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ အမြင့် ၆၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး ခရီးအကွာအဝေး မိုင် ၂၈၀ အထိ ပျံသန်းကာ ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top