ကမ္ဘာကျော်မင်းသားကြီးတွမ်ခရုစ်နဲ့ မင်းသမီးကေတီ ဟုမ်းစ်တို့ရဲ့သမီးဖြစ်သူ ဆူရီဟာ သူ့ရဲ့နာမည်မှာ ဖခင်ရဲ့မျိုးရိုးနာမည်ကို တရားဝင်ဖြုတ်လိုက်ပါပြီ။ အသက် ၂၀ အရွယ် ဆူရီက သူ့ရဲ့နောက်ဆုံးနာမည် ခရုစ်ကနေ နိုအယ်လ်လို့ပြောင်းလိုက်တာပါ။
ဆူရီက Carnegie Mellon University မှာ တက်ရောက်နေပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလ၊ သူ့ရဲ့ပထမနှစ်ကျောင်းသူဖြစ်စဉ်အတွင်း Allegheny County မှာ မဲပေးဖို့ မှတ်ပုံတင်တင်ခဲ့တာပါ။ သူ့ရဲ့မှတ်ပုံတင်ခြင်းမှာ ဆူရီ နိုအယ်လ်လို့ ပါရှိပါတယ်။ နိုအယ်လ်က မိခင်ဖြစ်သူ ကေတီဟုမ်းစ်ရဲ့အလယ်နာမည်ဖြစ်ပါတယ်။ ဆူရီက ၂၀၂၄ ခုနှစ် ဇွန်လတုန်းကလည်း အထက်တန်းကျောင်းဆင်းပွဲအတွက် ဆူရီ နိုအယ်လ်လို့ပဲ သုံးခဲ့တာပါ။
တွမ်ခရုစ်နဲ့ ကေတီဟုမ်းစ်တို့က ဆူရီကို ၂၀၀၆ ခုနှစ်၊ ဧပြီလမှာ မွေးဖွားခဲ့ပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာမှာ လက်ထပ်ကာ ၂၀၁၂ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာလည်း ဆူရီနဲ့ တွမ်ခရုစ်ရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး သူ့အဖေဆီကနေ Trust Fund အမွေဆက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကေတီဟုမ်းက လုံးဝမမှန်ကန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
Ref: Tom Cruise and Katie Holmes’ Daughter Suri Legally Drops Her Dad’s Last Name
WL (ရိုးရာလေး)

