Game of Thrones ထဲက ရော့ဘ်စတာ့ခ် (Robb Stark)

MV5BNzg2NTA2MTU4OF5BMl5BanBnXkFtZTcwMDkxNTcyOQ@@._V1_.jpg

ထင်ရှားသောစကား
“ငါ့အကြောင်း သူတို့သီချင်းတွေသီဖွဲ့ဆိုနေဖို့ ဒီစစ်ပွဲကို ငါတိုက်နေတယ်ထင်လို့လား”

ရော့ဘ်ဟာနဒ်စတာ့ခ်နဲ့ ကတ်တလင်းတို့ရဲ့သားအကြီးဖြစ်ပါတယ်။ ဝင်းတားဖဲလ်ကိုဆက်ခံသူ မြောက်ပိုင်းဘုရင်လည်းဖြစ်ခဲ့သူပါ။ မွေးချင်းတွေအနေနဲ့ ဆန်ဆာ (Sansa)၊ အာယာ (Arya)၊ ဘရန် (Bran)၊ နဲ့ ရစ်ကွန် (Rikikon) တို့ရှိပါတယ်။ အမေမတူတဲ့ ဂျွန်နဲ့ သုံ့ပန်းအဖြစ်ဖမ်းလာတဲ့ သီယွန်(Theon) တို့နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ သီယွန်ကိုဆိုရင် ညီအစ်ကိုရင်းတစ်ယောက်လို မှတ်ယူပြီးထားတာပါ။

ရော့ဘ်ဟာ နဒ်စတာ့ခ်နဲ့ ကတ်တလင်းတို့ရဲ့သားအကြီးဖြစ်ပါတယ်။ ဝင်းတားဖဲလ်ကိုဆက်ခံသူ မြောက်ပိုင်းဘုရင်လည်းဖြစ်ခဲ့သူပါ

ရော့ဘ်ကဝင်းတာဖဲလ်ရဲ့အရှင်သခင်ဖြစ်ဖို့ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခံရတာဆိုတော့ လက်ရုံးရည်နှလုံးရည်နဲ့တော့ အတော်အတန်ပြည့်စုံပါတယ်။မိဘထိန်းကျောင်းမှုကောင်းတော့လည်း အရှင်သခင်ဆိုပြီး မောက်မာတာမျိုးတော့မရှိပါဘူး။ ဒါကြောင့်လည်း ဂျွန်တို့ သီယွန်တို့ကို ညီအစ်ကိုလို သူငယ်ချင်းလိုပေါင်းသင်းလာခဲ့တာပါ။ နဒ် ကွပ်မျက်ခံလိုက်ရတော့ ရော့ဘ်ကို မြောက်ပိုင်းကဘုရင်အဖြစ် တင်မြှောက်ကြပြီးပုန်ကန်ကြပါတယ်။

ရော့ဘ်က ဝင်းတာဖဲလ်ရဲ့အရှင်သခင်ဖြစ်ဖို့ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခံရတာဆိုတော့ လက်ရုံးရည်နှလုံးရည်နဲ့တော့ အတော်အတန်ပြည့်စုံပါတယ်

အဖေဖြစ်တဲ့ နဒ်ဆီကပညာမွေတွေရထားတဲ့ ရော့ဘ်က စစ်တိုက်တော့ကောင်းပါတယ်။ စစ်ပွဲသုံးပွဲစလုံးကို အနိုင်တိုက်နိုင်ခဲ့ပြီး ဂျေမီလန်နစ္စတာကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်။ ဒါပေမဲ့ အဖေတူသားလို့ဆိုရမလိုပဲ အယုံလွယ်တာတွေ ဉာဏ်ကစားပွဲတွေ ယှဉ်မကစားနိုင်သလို
ဆုံးဖြတ်ချက်အမှားတွေလည်း ချမှတ်ခဲ့သူပါ။ သီယွန်ကိုယုံပြီးတော့ စစ်ကူတောင်းဖို့ လွှတ်ပေးလိုက်ပေမဲ့ သီယွန်ကသစ္စာဖောက်ခဲ့လို့ ဝင်းတာဖဲလ်ကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ အဲဒီနောက်မှ ဝင်းတာဖဲလ်မှာ သီယွန်က ညီငယ်နှစ်ယောက်ဖြစ်တဲ့ဘရန်နဲ့ ရစ်ကွန်ကို မီးရှို့သတ်လိုက်ပြီဆိုတဲ့သတင်းကြောင့် ကိုယ့်အမှားကိုယ် ယူကျုံးမရဖြစ်ခဲ့ရတာပါ။

စစ်ပွဲမှာ သူနာပြုလိုက်လုပ်ပေးနေတဲ့ တာလီဆာ(Talisa) နဲ့ ချစ်ကြိုက်သွားလို့ ဝေါလ်ဒါဖရေးအပေါ် ထားထားတဲ့ကတိကိုဖျက်ပြီး လက်ထပ်လိုက်ပါတယ်

စစ်ရေးစစ်ရာအရ အချက်အချာကျတဲ့နေရာကိုပိုင်ဆိုင်ထားလို့ ဝေါလ်ဒါဖရေးရဲ့ အကူအညီကိုတောင်းခံရင်း သူ့သမီးတစ်ယောက်နဲ့လက်ထပ်ဖို့ သဘောတူထားလိုက်တယ်။ ဒါပေမဲ့ စစ်ပွဲမှာ သူနာပြုလိုက်လုပ်ပေးနေတဲ့ တာလီဆာ(Talisa) နဲ့ ချစ်ကြိုက်သွားလို့ ဝေါလ်ဒါဖရေးအပေါ် ထားထားတဲ့ကတိကိုဖျက်ပြီး လက်ထပ်လိုက်ပါတယ်။

သေဆုံးပြီးနောက်မှာလည်း အလောင်းကိုခေါင်းဖြတ်ပြီး အချစ်တော်မွေးထားတဲ့ဝံပုလွေခေါင်းနဲ့ တွဲချုပ်တာကိုခံရပြီး အရှက်ခွဲခံရ

ပြီးတော့မှ သူ့အစားဖရေးရဲ့သမီးကိုလက်ထပ်ဖို့ ဦးလေးဖြစ်တဲ့ အက်မူယာတူလီ(Edmure Tully) ကိုတောင်းပန်ပြီးစေခိုင်းခဲ့တာပါ။ ဒါပေမဲ့ ဝေါလ်ဒါဖရေးကတော့ သူ့ကိုအရှက်ခွဲတယ်လို့မှတ်ယူပြီး တိုင်ဝင်လန်နစ္စတာ(TywinLannister)၊ ရုစ်ဘိုတန်(Roose Bolton) တို့နဲ့ပေါင်းပြီး မင်္ဂလာဆောင်မှာလုပ်ကြံခဲ့လို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ စစ်တိုက်တဲ့နေရာမှာတော်သလောက် အတွေ့အကြုံနုပြီး ဆုံးဖြတ်ချက်အမှားတွေ တောက်လျှောက်ချမှတ်ခဲ့တာကြောင့် ရက်ရက်စက်စက်အသတ်ခံရလို့ သေဆုံးပြီးနောက်မှာလည်း အလောင်းကိုခေါင်းဖြတ်ပြီး အချစ်တော်မွေးထားတဲ့ဝံပုလွေခေါင်းနဲ့ တွဲချုပ်တာကိုခံရပြီး အရှက်ခွဲခံရတဲ့အထိပါပဲ။ ရော့ဘ်သေခြင်းနဲ့အတူ Game of Thrones မှာ ဘယ်သူမဆို အချိန်မရွေးသေဆုံးသွားနိုင်တယ်ဆိုတာ ပရိသတ်တွေ ပိုပြီးနားလည်သွားစေခဲ့တာပါ။

ဧပြီလ (၁၅) ရက်၊ မနက် (၇:၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top