တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် နောက်ထပ်ဆရာဝန် (၂) ဦးသေဆုံး

chdoctors01.jpg

တရုတ်နိုင်ငံနဲ့ တချို့နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ အရေအတွက်နဲ့ သေဆုံးသူ အရေအတွက်တွေက တဖြည်းဖြည်းနဲ့ များလာ နေပါပြီ။ သုတေသနပညာရှင် တွေကလည်း ကိုရိုနာဗိုင်းရပ်စ်သစ် ကုသနိုင်မယ့်ဆေးကို ကြိုးစားပမ်းစား ရှာဖွေနေကြသလို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ကလည်း ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူတွေကို မီးကုန် ယမ်းကုန် ကုသပေးလို့ နေပါတယ်။ အဲဒီလိုကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေရပါတယ်။ မကြာသေးခင်ကမှ မင်္ဂလာပွဲရွှေ့ဆိုင်းထားပြီး လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန် သေဆုံး သွားခဲ့တာပါ။ အခုလည်း နောက်ထပ် ဆရာဝန် (၂) ဦး အဲဒီဗိုင်းရပ်စ်သစ်ကူးစက်ခံရပြီး သေဆုံးသွားပြန်ပြီလို့ တရုတ်သတင်းမီဒီယာတစ်ခုက မနေ့က ထုတ်ပြန်ခဲ့တာ ဖြစ် ပါတယ်။

အသက် (၄၂) နှစ်အရွယ် ဆရာဝန် ဟွမ် ဝမ်ဂျုံ နဲ့ အသက် (၂၉) နှစ်အရွယ် ရှစီစီတို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်သစ်ကူး စက်ခံရသူ တွေကို ကုသပေးရင် သေဆုံးသွားခဲ့ တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဟူပိုင်ပြည်နယ်မှာ အလုပ်လုပ်နေကြတဲ့ ဆရာဝန်တွေဖြစ်ပြီး ရှစီစီကတော့ ဗိုင်းရပ်စ်သစ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့ရဲ့ဆေးရုံတစ်ရုံမှာ တာဝန် ထမ်းဆောင်ခဲ့တာပါ။

အဲဒီဆရာဝန်နှစ်ယောက်လုံးက တာဝန်ထမ်းဆောင်ရာ ဆေးရုံမတူကြပေမဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သူတို့ဟာ (၂၄) နာရီအတွင်း သေဆုံးခဲ့ပါတယ်။ ခင်ပွန်းနဲ့ နှစ်နှစ်သားလေးရှိတဲ့ ဆရာဝန်မလေး ရှစီစီက ဖေဖော်ဝါရီ ၂၃ ရက်နေ့က သေဆုံးခဲ့တာပါ။ သူ့ကို ဇန်နဝါရီ ၁၉ ရက်နေ့က ဆေးရုံတင်ခဲ့ပြီး ရောဂါ အခြေအနေ ပိုဆိုးလာတဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ အခြားဆေးရုံကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ကို အခြားဆေးရုံကို ပြောင်းရွေ့ပြီး ကတည်းက သတိမေ့မျောနေခဲ့တာလို့ ရှစီစီရဲ့မိခင်က အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

ဆရာဝန် ဟွမ်ကလည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ညနေက သေဆုံးသွားခဲ့တာပါ။ အစက သူဟာ နေမကောင်းဖြစ်ပြီးနောက် ကိုယ့်ကိုယ်ကို ရောဂါမကူးစက် မပျံ့ပွားအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကို ဆေးရုံတင်ခံရပြီး ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံနေရတယ်ဆိုတာ သိရှိခဲ့ရတယ်လို့ သူ့ရဲ့ဇနီးက ပြောပါတယ်။ ဆရာဝန်ဟွမ်တို့ ဇနီးမောင်နှံကလည်း (၁၁) နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ဆိုရှယ်မီဒီယာ Weibo မှာ ကိုရိုနာဗိုင်းရပ်စ် သစ်ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ ဒီဆရာဝန်နှစ်ယောက်အတွက် ဝမ်းနည်းကြောင်းစာတွေ ရေးသားထားပါတယ်။

Ref: 2 more doctors in China die from Covid-19 infection on Feb. 23, 2020

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top