နှာချေချင်တာကို အောင့်ထားရင် ဘယ်လောက် အန္တရာယ်ဖြစ်စေနိုင်လဲ?

Depositphotos_148419689_L.jpg

နှာချေချင်တာကို အောင့်ထားတာဟာ လူအများစု ထင်တာထက် အန္တရာယ်ပိုများပါတယ်။ နားစည်ပေါက်တာ၊ လည်ချောင်းအတွင်းပိုင်း တစ်ရှူးတွေ ပျက်စီးတာ၊ လည်ပင်းအရေပြားအောက် လေခိုတာ၊ အဆုတ်နှစ်ခုကြားနေရာမှာ လေယိုစိမ့်တာ အစရှိတဲ့ ဖြစ်နိုင်ခြေတွေပါဝင်ပါတယ်။ ဒါဟာ နှာချေချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ တွန်းအား ဘယ်လောက် ပြင်းထန်သလဲဆိုတာကို ဖော်ပြရာ ရောက်ပါတယ်။

နှာချေတယ်ဆိုတာ ခန္ဓာကိုယ်အထက်ပိုင်း လေပြွန်က မလိုလားအပ်တဲ့ အရာတွေ၊ ဓာတ်မတည့်တဲ့အရာတွေ၊ ရောဂါပိုးမွှားတွေကို အလျင်အမြန် ဖယ်ရှားပေးတဲ့ ကာကွယ်ရေးယန္တရားတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်က ထိန်းချုပ်ထားခြင်းမရှိတဲ့ အရာပါ။

နှာချေတာကို အောင့်ထားတဲ့အခါ လမ်းကြောင်းပြောင်းသွားတဲ့ ဖိအားဟာ နှာခေါင်းနောက်ဘက် လည်ချောင်းအပေါ်ပိုင်း၊ နှာခေါင်းတစ်ဝိုက် ဦးခေါင်းခွံအတွင်းပိုင်း လေအိတ်တွေ၊ နားတွင်းပြွန်တွေနဲ့ နားအလယ်ပိုင်းဆီ စီးဆင်းသွားပါတယ်။

ကြုံတောင့်ကြုံခဲ အခြေအနေမျိုးမှာတော့ လည်ပင်း ဒါမှမဟုတ် ရင်ဘတ်ရဲ့ နက်ရှိုင်းတဲ့ တစ်သျှူးတွေထဲကို တွန်းပို့တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဲဒီအစိတ်အပိုင်းတွေဟာ ဒီလောက်ပြင်းထန်တဲ့ တွန်းအားကို စုပ်ယူနိုင်စွမ်း မရှိတဲ့အခါ ဖိအားတွေက ထွက်ပေါက်မဲ့ပြီး ပိတ်မိသွားကြတာပါ။ အဲဒီဖိအားက ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ ခံနိုင်ရည်ထက် ကျော်လွန်သွားတဲ့အခါ တစ်သျှူးတွေ ဒဏ်ရာရသွားနိုင်ပါတယ်။

ဒါကြောင့် နှာချေချင်တာကို အောင့်ပစ်တာမျိုး မလုပ်သင့်ပါဘူး။ နှာချေချင်တဲ့အခါ တံတောင်ဆစ်ကွေးပြီး နှာချေလိုက်တာမျိုးက အသင့်တော်ဆုံးပါပဲ။ အဓိကကတော့ နှာချေချင်တဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး အောင့်ထားတာမျိုး မလုပ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်း ဖိအားလျှော့ချနိုင်စေဖို့ နှာခေါင်းနဲ့ ပါးစပ်ကို ဖွင့်ထားဖို့ပါပဲ။

Ref: The physics of what happens when you suppress a sneeze

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top