Falcon 9 ဒုံးပျံကို ဒုတိယအကြိမ် ပြန်လည်အသုံးပြုပြီး စောင့်ကြည့်ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

19-4-2022-yyl-03.jpg

SpaceX ရဲ့ အသုံးပြုပြီးသား Falcon 9 ဒုံးပျံဟာ အမေရိကန်အစိုးရရဲ့ စောင့်ကြည့်ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြန်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီဟာ Falcon 9 ဒုံးပျံကို ကြိမ်ဖန်များစွာ ပြန်လည်အသုံးပြု လွှတ်တင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး ပတ်လမ်းသွားဒုံးပျံအဖြစ် အဆင့်မြှင့်တင်ခဲ့တာပါ။ ဒုံးပျံလွှတ်တင်ရာမှာ ကုန်ကျစရိတ် သက်သာစေဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ သုံးပြီးသား ဒုံးပျံကို နောက်တစ်ကြိမ် ပြန်လွှတ်တင်ရင်း သမိုင်းသစ် ရေးထိုးနိုင်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကယ်လီဖိုးနီးယားပြည်နယ် ဗန်ဒင်ဘာ့ဂ်အာကာသအခြေစိုက်စခန်းကနေ လွှတ်တင်ခဲ့တဲ့ ဒုံးပျံဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်း အမေရိကန်အမျိုးသား ထောက်လှမ်းရေးရုံးရဲ့ စောင့်ကြည့်ရေးဂြိုဟ်တုကို တင်ဆောင်ခဲ့ဖူးပါတယ်။ SpaceX ကုမ္ပဏီဟာ ဂြိုဟ်တုလွှတ်တင်မှုနဲ့ ကုန်ပစ္စည်းပို့ဆောင်မှုတွေမှာ အာကာသယာဉ်တွေ၊ ဒုံးအားမြှင့် ကိရိယာတွေကို အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ အာကာသယာဉ်မှူးတွေ လိုက်ပါတဲ့ ခရီးစဉ်မှာလည်း အသုံးပြုပြီးသား hardware ကို ပထမဆုံးအကြိမ် ပြန်လည်အသုံးပြုခဲ့ဖူးပါတယ်။

Ref: CNN “SpaceX’s Falcon 9 launches spy satellites for a second time”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top